ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 13 September 2010

ပိဋကသုံးပုံ ဗေဒင်လေးပုံ အကုန်တတ်တယ်ဆိုရာမှာ ဗေဒင်လေးပုံဆိုတာ ဘာလဲ?

ဗေဒင်လေးပုံဆိုတာက ဘုရားဟောတရားတော် မဟုတ်ပါဘူး။ ဘုရားမပွင့်မီက အိန္ဒိယပြည်မှာရှိနေတဲ့ ဟိန္ဒူဘာသာရေး ကျမ်းကြီးတွေ ဖြစ်ပါတယ်။ သာမ၊ ယဇု၊ သျှု၊ အာထဗ္ဗဏဆိုတဲ့ ဝေဒကျမ်းကြီးလေးကျမ်းကို မြန်မာတွေက ဗေဒင်လေးပုံလို့ခေါ်တာ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ်မစမီ နှစ်ပေါင်း ၁၀၀၀ကျော်လောက်က အိန္ဒိယပြည်ထဲကို ၀င်လာခဲ့တဲ့ အာရယန်လူမျိုးတွေက အဆင့်ဆင့် အာဂုံဆောင်လာခဲ့တဲ့ အိန္ဒိယပြည့်ရဲ့ အစောဆုံး ဟိန္ဒူဘာသာရေးကျမ်းတွေ ဖြစ်ပါတယ်။

No comments:

Post a Comment