ဥပုသ်နေ့ဆိုတာက ပါဠိလို ဥပေါသထပုဒ်က ဖြစ်လာတဲ့ စကားဖြစ်တယ်။ မြန်မာလိုတော့ ကျင့်သုံးခြင်းလို့ အဓိပ္ပာယ်ရတယ်။ လူတွေဟာ ငါးပါးသီလကို နေ့ညမပြတ် စောင့်ထိန်းကြရတယ်။ ငါးပါးသီလဟာ ကျင့်ရိုးကျင့်စဉ် သီလဖြစ်တယ်။ ရိုးးရိုးငါးပါးသီလထက် ထူးခြားပြီး အရိယာသံဃာ ပုထုဇဉ် ရဟန်းသာမဏေတွေ ရာသက်ပန် ဆောက်တည်ကျင့်ကြံတဲ့ သီလတွေထဲက မေထုန်မှု မပြု၊ ညစာ မစား၊ ပွဲလမ်း မကြည့်၊ ပန်းနံ့သာ မခြယ်၊ မြင့်ရာမြတ်ရာမှာ မနေခြင်းဆိုတဲ့ လေးပါးကို အရိယာ သံဃာတော် သာမဏေများလို အမြဲမဟုတ်တောင်မှ ဥပုသ်နေ့လို့အများသတ်မှတ် စောင့်သုံးကြတဲ့ နေ့တစ်နေ့နဲ့ တစ်ညမှာတော့ ရှောင်ကြဉ်မယ်၊ ဒီရှစ်ပါးသီလနဲ့ ပြည့်စုံအောင် ကျင့်ကြံမယ်ဆိုပြီး အကျင့်သီလနဲ့ ပြည့်စုံပြီးနေတာကို ဥပုသ်စောင့်တယ်လို့ခေါ်ပါတယ်။
အများအညီအညွတ် သတ်မှတ်ပြီး ရှစ်ပါးသီလ ဥပုသ်စောင်နေ့ကြတဲ့ နေ့ကို ဥပုသ်နေ့လို့ ခေါ်ပါတယ်။
No comments:
Post a Comment