ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 3 September 2010

တစ်လမှာ ဥပုသ်နေ့ ဘယ်နှစ်ရက် ရှိသလဲ ?

ဥပုသ်နေ့က ၃-မျိုး ရှိပါတယ်။

၁။ ရိုးရိုးဥပုသ်၊

၂။ နှိုးကြားတဲ့ဥပုသ်၊

၃။ ပါဋိဟာရိယဥပုသ် ၃-မျိုးဖြစ်ပါတယ်။

ရိုးရိုးဥပုသ်က လဆန်း ၈-ရက်နဲ့ လကွယ်ဆိုပြီး ၆-ရက် ရှိတယ်။ အဲဒီ ၆-ရက်ထဲက ၁၄-ရက်နေ့ ဥပုသ်ကိုတော့ အချို့ဒေသ သက်ကြီးဝါကြီးတွေကပဲ စောင့်ပါတယ်။ အခုအခါမှာ ဒီလဆန်း လဆုတ် ၁၄-ရက်ကို ဥပုသ်နေ့မှန်း သိတဲ့သူတောင်မှ မရှိသလောက် ဖြစ်နေပြီ။ ဒါကြောင့် ရိုးရိုးဥပုသ်ဟာ စာအရှိ ၆-ရက်၊ လက်တွေ့ လက်ခံကျင့်သုံးတာက ၄-ရက် ဖြစ်ပါတယ်။

နှိုးကြားတဲ့ဥပုသ်ဆိုတာက ရိုးရိုးဥပုသ် ၆-ရက်မှာ ရှေ့တစ်ရက်အကြို နောက်တစ်ရက်အပိုနဲ့ နှိုးနှိုးကြားကြား တက်တက်ကြွကြွစောင့်တဲ့ ဥပုသ်ဖြစ်တယ်။ ဒီဥပုသ်သုံးမျိုးကိုတော့ အခုအခါ စောင့်တဲ့လူ မရှိသလောက် ဖြစ်နေပါပြီ။

ပါဋိဟာရိယဥပုသ်ဆိုတာက ဥပုသ်နေ့အဖြစ် သတ်မှတ်ရက် မရှိဘူး။ ၁၂-ရက်၊ တစ်လ၊ ၄၅-ရက်စသည့် ကာလပိုင်းခြားပြီး ဒီရက်အတွင်း ဥပုသ် ဆက်တိုက် စောင့်မယ်လို့ အချို့ပုဂ္ဂိုလ်တွေ စောင့်ကြပါတယ်။ အချို့ ကမ္မဌာန်းရိပ်သာတွေမှာ တရားဝင်တဲ့နေ့ကစပြီး ထွက်တဲ့နေ့အထိ ၈-ပါးသီလ စောင့်ရတာဟာ ဒီပါဋိဟာရိယ ဥပုသ်မျိုး ဖြစ်ပါတယ်။

No comments:

Post a Comment