တရားတော်ကိုအောက်ပါအတိုင်း တရားဂုဏ်တော် ၆-ပါးကို ထုတ်ဖော်ရှိခိုးရမယ်။
သွာက္ခာတော ဘဂ၀တာဓမ္မော သန္ဒိဌိကော အကာလိကော
ဧဟိ ပဿိကော သြပနေယျကော ပစ္စတ္တံ ဝေဒိတဗ္ဗောဝိညူဟိ။
ဘဂ၀တာ=မြတ်စွာဘုရားသည်၊ ဓမ္မော=တရားတော်မြတ်ကို၊ သွာက္ခာတော=အစအလယ်အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံအောင် ဟောကြားတော်မှုအပ်ပါပေ၏၊ သိန္ဒိဌိကော=ကျင့်ကြံသူတို့အား တပ်အပ်ထင်အထင် ကိုယ်တိုင်ပင်လျှင် သိမြင်နိုင်စွမ်းပါပေ၏။ အကာလိကော=အခါမလင့်ဒိဌလက်ငင်းအကျိုး ပေးခြင်းလည်း ရှိပါပေ၏၊ ဧဟိပဿိကော=လာပါ ရူပါ ကျင့်လှည့်ပါဟု ဖိတ်ခေါ်တိုက်တွန်းခြင်းငှာ ထိုက်တန်ပါပေ၏၊ သြပနေယျကော=မိမိကာယအဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့ မြောက်အောင်ကပ်၍ ဆောင်ထိုက်ပါပေ၏။ ၀ိညူဟိ=ပညာရှိ သူတော်ကောင်းတို့သည်၊ ပစ္စတ္တံ ဝေဒိတဗ္ဗော=ကိုယ်စီကိုယ်ငှ ရရှိခံစား ထိုက်လှပါပေ၏၊ တံ=မင်္ဂလေးဝဗိုလ် လေးတန်နိဗ္ဗာန်ပရိယတ် ၁၁-ပါးသော တရားတော်မြတ်ကို၊ အဟံ=တပည့်တော်သည်၊ ၀န္ဒာမိ=သဒ္ဓါရွှင်လန်း ဂုဏ်တော်မှန်းကာ ရှိခိုးကန်တော့ပါ၏ဘုရား။ဧဟိ ပဿိကော သြပနေယျကော ပစ္စတ္တံ ဝေဒိတဗ္ဗောဝိညူဟိ။
No comments:
Post a Comment