ပရိနိဗ္ဗာန်က သုံးမျိုးရှိပါတယ်။ ဗောဓိပင်ရွှေပလ္လင်မှာ သဗ္ဗညုတဥာဏ်ကို ရတော်မှုစဉ်က ကိလေသာ အပူမီးတွေကို အကြွင်းအကျန်မရှိ ငြိမ်းသတ်ခဲ့တဲ့ အတွက် ကိလေသပရိနိဗ္ဗာန်လို့ ခေါ်ပါတယ်။
ကုသိန္နာရုံပြည် မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်မှာ ခန္ဓာကမ္မဇရုပ် ကင်းချုပ်ကုန်ဆုံးခဲ့(သေလွန်ခဲ့)တာကို ခန္ဓပရိနိဗ္ဗာန်လို့ ခေါ်ပါတယ်။ သက်တမ်းတိုတဲ့ကာလမှာ ပွင့်တော်မှုကြတဲ့ ဘုရားရှင်တွေဟာ ခန္ဓာကမ္မဇရုပ် ချုပ်ငြိမ်းကွယ်ပျောက်သွားပေမယ့် ဘုရားရှင်ရဲ့ အလောင်းတော်ကို မီးသင်ဂြိုလ်တဲ့အခါ အရိုးတော်ဟာ ဓာတ်တော်တွေအဖြစ် ကြွင်းကျန်ရစ်ပါစေလို့ အဓိဋ္ဌာန်ပြုမြဲဓမ္မတာ ဖြစ်တယ်။ ဂေါတမဘုရားရှင်ဟာလဲ သက်တမ်းတိုးတဲ့ခေတ်မှာ ဘုရားလာပွင့်ရတော့ ၄၅-၀ါ တရားဟောရ ချွတ်ရရုံနဲ့ အားရကျေနပ်တော်မမှုဘူး။ ဒါကြောင့် ခန္ဓပရိနိဗ္ဗာန်ပြုပြီးနောက်မှာ ဓာတ်တော်တွေ ကျန်ပါစေ။ အဲဒီဓာတ်တော်တွေကို ပူဇော်ပြီး ဘုရားရှင် နဲ့ တိုက်ရိုက်မတွေ့လိုက်ရ တရားမနာရတဲ့ သတ္တ၀ါတွေ ကျွတ်ပါစေဆိုပြီး ဓာတ်တော်တွေ ကျန်ဖို့ အဓိဋ္ဌာန်ခဲ့တယ်။ အဓိဋ္ဌာန်တဲ့အတိုင်း ဓာတ်တော်တွေ ကျန်ခဲ့လို့ အခုဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၂၅၀၀-ကျော် အထိ ဗုဒ္ဓသာသနာဟာ ထွန်းလင်းနေတယ်။ နောက်နှစ်ပေါင်းများစွာလဲ ဆက်လက်ထွန်းလင်းနေဦးမှာပဲ။
သာသနာတော် နှစ်ငါးထောင် ပြည့်တဲ့အခါ၊ ဒါမှမဟုတ် သာသနာတော်ကို ကြည်ညိုကိုးကွယ်သူမရှိ။ သာသနာပ ကာလရောက်ချိန် ကျတဲ့အခါ လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်မှာ ရောက်နေတဲ့ ဘုရားရှင်ရဲ့ ဓာတ်တော်တွေဟာ ဗောဓိပင်နှင့် ရွှေပလ္လင်နေရာမှာ ပြန်စုပြီး ဓာတုပရိနိဗ္ဗာန်မစံခင် အတွင်းမှာတော့ ဓာတုစေတီ=ဓာတ်တော်တွေ၊ ဓမ္မစေတီ=ပိဋကတ်တော်တွေ၊ ဥဒ္ဒဿစေတီ=ဆင်းတုတော်တွေ၊ ပရိဘောဂစေတီ=ဗောဓိပင်တွေဆိုတဲ့ စေတီလေးမျိုးဟာ ဂေါတမဘုရားရှင်ရဲ့ကိုယ်စား ကိုးကွယ်စရာတွေ ဖြစ်တဲ့အတွက် ဒီစေတီလေးမျိုးရှိနေသမျှ ဘုရားပရိနိဗ္ဗာန်စံသွားပြီလို့ မဆိုနိုင်ပါဘူး။ ဘုရားရှင် သက်တော်ထင်ရှား ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ဟာ ကောင်းကင်ဘုံတစ်နေရာမှာ မရှိပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ မျက်မှောက်မှာ ဘုရားကိုယ်စား စေတီ၎-ပါးရှိတဲ့အတွက် ရှိခိုးကိုးကွယ်လို့ အကျိုးရှိပါတယ်။
တောသားလေးလာခဲ့ပါတယ်ဗျာ။ တောသူမလေးက တောသားလေးကိုအသက်ရှည်ဆေးတွေ တိုက်လိုက်တာပဲ။ တောသူမလေးရဲခေါင်းစည်းစာကိုဖတ်ပြီး တစ်ယောက်တည်း ရယ်နေမိလို့လေ။ ပြန်ဖတ်ကြည့်ဦးနော်။ ရယ်တယ်ဆိုပေမယ့် လှောင်ပြောင်ချင်တဲ့သဘောမပါဘူး။ ခင်မင်မှုကြောင့် ရယ်မိတာပါ။ အားပေးပါတယ်။
ReplyDeleteတင်ပါ့အရှင် ဘုရားရယ်လို့ရပါတယ် အသက်သာရှည်မယ်ဆို နေ့တိုင်းလာရယ်နိုင်ပါတယ်..
ReplyDeleteလှောင်တာမလှောင်တာထက် ကိုယ့်အမှားကိုထောက်ပြပေးတာကျေးဇူးတင်ပါတယ် ညီမစာရိုက်တာခေါင်းစဉ်နားက ဖောင့်တွေမှားနေလို့ မမြင်လိုက်တာ ဆောရီးပါ ကုသိုလ်လိုချင်လို့ရေးတာ စာလုံးပေါင်းအမှားတွေနဲ့တော့ ငရဲရတော့မယ်ထင်တယ် so sorry !