ဥပုသ် စောင့်တယ်ဆိုတာ အထက် အရိယာသီလ ၆-မျိုးမှာ ပြခဲ့တဲ့အတိုင်း သီလဆောက်တည်ပြီးရင် အရိယာ သီလတစ်မျိုးမျိုး၊ သို့မဟုတ် ၆-မျိုးလုံးဖြစ်အောင် ပွားများနှလုံးသွင်းနေရမယ်၊ အဲဒီပွားများ နှလုံးသွင်းလို့ ရတဲ့ ကောင်းတဲ့ နေရာဟာ ဥပုသ်နေ့အတွက် နေလို့ အကောင်းဆုံးပဲ၊ အိမ်မှာ ကလေး အလုပ်သမားတွေများပြီး ဗာဟီရကိစ္စတွေရူပ်လို့ သမာဓိမရရင် ကျောင်းမှာ၊ ဓမ္မာရုံမှာ သွားစောင့်ရတဲ့အတွက် ရဟန်းတော်ကို ဖူးမြော်ရတယ်၊ စုပေါင်းဒါန ပြုရတယ်။ တရားတော် နာရတယ်။ ဓမ္မမိတ်ဆွေချင်း တရားဆွေးနွေးရတယ်။
ဒါပေမယ့် အချို့ ဓမ္မာရုံတွေ ကျောင်းတွေမှာက သီလယူပြီး တရားနာပြီးရင် အရိယာဥပုသ်မျိုး ဖြစ်အောင်တော့ မပွားများဘဲ သားအကြောင်း၊ သမီးအကြောင်း၊ စီးပွားရေးအကြောင်း၊ နိုင်ငံရေးအကြောင်းစတဲ့ လောဘ၊ ဒေါသ၊ မောဟ ဖြစ်စရာတွေကို စုပေါင်းပြောဆိုနေကြတယ် ဆိုရင်တော့ ကျောင်းဥပုသ် ဇရပ်၊ ဓမ္မာရုံမှာ နေကုန်အောင် မနေဘဲ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အရိယာ သီလဖြစ်အောင် ပွားများ နေရပါမယ်၊ တရားစားပေ ကျမ်းဂန်တွေကို ဖတ်ရူနေရပါမယ်။
ကိုယ့်အိမ်ထဲမှာလဲ တိတ်ဆိတ်ငြိမ်သက်နေရင်တော့ ဆူညံနေတဲ့ ဓမ္မာရုံမှာထက် အိမ်မှာစောင့်တာကမှ ပိုကောင်းပါတယ်၊ စကားမပြောချင်လဲ လောက၀တ်အရ စကားပြောရတာမျိုးလဲ မရှိတော့ဘူးပေါ့။
No comments:
Post a Comment