ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 3 September 2010

လူတွေရဲ့ စာရိတ္တသီလနဲ့ ၀ါရိတ္တသီလကို ဘယ်လိုခွဲခြားထားလဲ?


ဝါရိတ္တဆိုတာက တားမြစ်ခြင်းလို့ ဆိုလိုပါတယ်။ သူ့အသက်သက်ခြင်းစတဲ့ အကျင့်ငါးပါးကို ရာသက်ပန်ရှောင်ကြဉ် ရမယ်လို့ တားမြစ်ထားတဲ့ အတွက် ငါးပါးသီလဟာ ၀ါရိတ္တသီလဖြစ်ပါတယ်။ မင်္ဂလသုတ် ၀ိနယောစ သုသိက္ခိတော မင်္ဂလာအဖွင့် အဋ္ဌကထာမှာ အကုသိုလ် ကမ္မပထတရား ၁၀-ပါးဖြစ်တဲ့ ဒုစရိုက် ၁၀-ပါးမှ ရှောင်ကြဉ်တာဟာ လူဝိနည်း ဖြစ်တယ်လို့ ဖွင့်ထားတော့ ကာယကံ ၃-ပါး၊ ၀စီကံ ၄-ပါး၊ မနောကံ ၃-ပါးဖြစ်တဲ့ ဒုစရိုက် ၁၀-ပါးက ရှောင်ကြဉ်မှုကိုလဲ ၀ါရိတ္တသီလလို့ မှတ်နိုင်တယ်။ တားမြစ်ထားတဲ့သီလကို ကျူးလွန်ယင် အပါယ်လေးပါကို ကျရောက်တတ်ပါတယ်။

စာရိတ္တဆိုတာက ကျင့်ကြံ အားထုတ်ခြင်းလို့ ဆိုလိုတယ်။ မကျင့်ရင် အပြစ်မရှိ၊ ကျင့်ရင်တော့ အကျိုးပိုရတဲ့ သီလမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ၈-ပါးသီလထဲမှာပါတဲ့ မေထုန်ရှောင်ခြင်း၊ ညစာရှောင်ခြင်း၊ ပွဲလမ်းသဘင်၊ ပန်းနံ့သာရှောင်ခြင်း၊ မြင့်မြတ်တဲ့ နေရာရှောင်ခြင်း၊ ၄-ပါးဟာ စာရိတ္တသီလ ဖြစ်သင့်တယ်လို့ တိပိဋကဓရ ဆရာတော် အရှင်ဝိစိတ္တသာရက မဟာဗုဒ္ဓ၀င်မှာ ပြဆိုထားပါတယ်။ သက်ကြီးရွယ်ရင့် ပုဂ္ဂိုလ်တွေကို ရိုသေမှု စသည်ဟာလဲ စာရိတ္တသီလဖြစ်သင့်တယ်လို့ ဆရာတော်က ပြထားတယ်။ သိင်္ဂါလောဝါဒသုတ်ဟာ လူ့ဝိနည်းဖြစ်တယ်လို့ သိင်္ဂါလောဝါဒသုတ် အကထာမှာ ပြထားတယ်။ အဲဒီသုတ်မှာ ဘုရားရှင်ဟောထားတဲ့ မိဘနဲ့သားသမီး၊ ဆရာနဲ့ တပည့်၊ လင်နဲ့ မယား၊ အရှင်နဲ့ ကျွန် ကျင့်ဝတ်တွေဟာလဲ စာရိတ္တသီလ လူ့ကျင့်ဝတ်တွေလို့ ယူဆသင့်ပါတယ်။

No comments:

Post a Comment