ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 13 September 2010

အဘိဓမ္မာပိဋကဆိုတာက ဘာလဲ?

အဘိဓမ္မာပိဋကဆိုတာက သုတ္တန်ဝိနည်းတွေထက် ထူးကဲလေးနက်တဲ့ တရားတော်တွေလို့ ဆိုလိုတယ်။ အဘိဓမ္မာက ပုဂ္ဂိုလ် နေရာ ဒေသတွေကို လုံးဝမကြည့်ဘဲ မဖောက်မပြန် မှန်ကန်တိကျတဲ့ တရားတွေကိုသာဟောတယ်။ လောဘဆိုရင် ခွေးလောဘ၊ လူလောဘ၊ နတ်လောဘ အတူတူပဲ၊ လိုချင်တဲ့သဘောရှိပြီး အပါယ်ငရဲကို ရောက်စေတတ်တာချည်းပဲ၊ သူဌေးက လှူလှူ၊ ဆင်းရဲသားက လှူလှူ၊ လူက လှူလှူ၊ နတ်က လှူလှူ တရားကိုယ်အားဖြင့်တော့ စေတနာတစ်ခုတည်းပဲ၊ အခုလို ပရမတ္ထတရားတော်ကို ဟောပြတဲ့ ဒေသနာကို အဘိ ဓမ္မာပိဋကလို့ခေါ်တယ်။

ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထုယမိုက်၊ ပဌာန်းဆိုပြီး အဘိဓမ္မာ ၇-ကျမ်းရှိတယ်။

No comments:

Post a Comment