ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 13 September 2010

ဝိနည်းပိဋကဆိုတာက ဘာလဲ?

ဝိနည်းပိဋကဆိုတာက ရဟန်းတော်တွေလိုက်နာကျင့်ကြံဖို့ ဘုရားရှင်ပညတ်ထားတဲ့ ဘုရားဥပဒေတွေ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော်ဟာ အရှည်တည်တံ့ဖို့အတွက် သံဃာအဖွဲ့ကို ဘုရားရှင် ဖွဲ့စည်းခဲ့တယ်။ ဒီသံဃာ့အဖွဲ့ဟာ သာမန်လူတွေထက် နေထိုင်သွားလာ ကျင့်ကြံမှုမှာ အဆင့်မြင့်ဖို့လိုတယ်။ အဲဒီလို အဆင့်မြင့်မှလဲ လူတွေရဲ့ ပစ္စည်းလေးပါးကို အလွယ်တကူ ခံယူရရှိကာ စားဝတ်နေရေး ဒုက္ခကင်းပြီး စာပေ ပရိယတ်သင်ကြားပို့ချ တရားဟော မဂ်ဖိုလ်ရအောင်လဲကျင့် မဂ်ဖိုလ်ရအောင်လဲ တရားပြသနိုင်မယ်။ သာသနာတော် အရှည်တည်တံ့ရေးမှာ ရဟန်းတော်တွေရဲ့ အကျင့်သိက္ခာ စင်ကြယ်ဖို့ဟာ အရေးပါတဲ့အတွက် သံဃာ့အဖွဲ့ကြီးရဲ့ ကျင့်ဝတ် ၀ိနည်းဥပဒေတွေကို ပညတ်ခဲ့တယ်။ ဒီဝိနည်းဥပဒေတွေကို ၀ိနည်းပိဋကလို့ ခေါ်ခြင်းဖြစ်တယ်။ ပါရာဇိကဏ်၊ ပါစိတ်၊ မဟာဝါ။ စုဌ၀ါ။ ပရိဝါ ဆိုပြီး ၀ိနည်း ငါးကျမ်းရှိပါတယ်။

No comments:

Post a Comment