သုတ္တန်တရားဆိုတာက ကာလဒေသ အကြောင်းအရာ အခြေအနေ ပုဂ္ဂိုလ်အခြေအနေကိုကြည့်ပြီး ဟောတဲ့ တရားမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီပိုဂ္ဂိုလ်ကို ဟောတဲ့တရားဟာ ထိုပုဂ္ဂိုလ်နဲ့ ဟပ်ချင်မှ ဟပ်တယ်။ ပိဋကအာဂုံဆောင် ရှင်ပေါဌိလရဟန်းကြီးကို တုစ္ဆ=မင်္ဂဖိုလ်မရတဲ့ အလကား ရဟန်းလို့ ဘုရားရှင်က ကဲ့ရဲ့တာကို ပုံစံယူပြီး ပိဋကသင်ဖို့ မလိုဘူး၊ တရားအားထုတ်တာသာ ဘုရားအလိုကျ ဖြစ်တယ်လို့ ပြောဆိုထင်မြင်တာမျိုးတွေ ရှိတယ်။ ဘုရားကို သိပ်ကြည်ညိုနေတဲ့ ၀က္ကလိကို ဘုရားရှင်က ငါဘုရားရဲ့ ခန္ဓာကိုယ် အပုပ်ကောင်ကြီး ကြည့်နေဖို့ မလိုဘူးလို့ ဟောတယ်။ ရှင်ဝက္ကလိ၊ ရှင်ပေါဌိလတို့က ပဋိပတ်အဆင့်တက်ဖို့ လိုနေလို့ သတိပေးတာဖြစ်တယ်။ ကိုယ်က ရှင်ဝက္ကလိ ရှင်ပေါဌိလတို့လို သဒ္ဓါတရားမျိုးတောင် မရောက်သေးဘဲနဲ့ ဘုရားရှိခိုးဖို့မလို၊ စာသင်ဖို့မလိုဘူးလို့ ပြောလို့မရဘူး။ ဆိုလိုတာက သုတ္တန်တရားဆိုတာ ပုဂ္ဂိုလ် အခြေအနေအရ ဟောတာဖြစ်လို့ ရှေ့နောက် ညှိနိုင်းယူရတယ်။
No comments:
Post a Comment