အေးမြတဲ့ ပတ်ဝန်းကျင်မှာ မရှိတဲ့ အချိန်မှာတောင်မှ လက်တွေ အေးစက်နေတာမျိုးဟာ အဖြစ်များပါတယ်။ အေးစက်နေတဲ့ လက်တွေရှိတာဟာ အများအားဖြင့် အပူချိန်ကို ထိန်းညှိပေးတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မူအစိတ်အပိုင်းတစ်ရပ် ဖြစ်လေ့ရှိပါတယ်။ သင့်မှာ အမြဲတမ်းလိုလို အေးမြနေတဲ့ လက်တွေရှိတာဟာ တစ်ခါတစ်ရံမှာ ကျန်းမာရေး ပြဿနာတစ်ခုရဲ့ သတိပေးလက္ခဏာ တစ်ရပ်လည်း ဖြစ်နေနိုင်ပါတယ်။ ဥပမာအနေနဲ့ အေးမြတဲ့ လက်တွေရှိတာဟာ လက်တွေ ဒါမှမဟုတ် လက်ချောင်းတွေဆီ သွေးလှည့်ပတ်မူ မကောင်းတာကြောင့် ဒါမှမဟုတ် လက်တွေမှာရှိတဲ့ နာ့ဗ်ကြောတွေမှာ ပြဿနာရှိတာကြောင့် ဖြစ်တတ်ပါတယ်။ အလွန်အေးမြနေတဲ့ ရာသီမှာ အိမ်အပြင်ရောက်နေရင် လက်တွေအေးစက်နေတာက နှင်းကိုက်နာရဲ့ သတိပေးလက္ခဏာ ဖြစ်နိုင်ပါတယ်။ သင့်မှာ အေးစက်နေတဲ့ လက်တွေရှိတဲ့အခါ စောင့်ကြည့်သင့်တဲ့ လက္ခဏာရပ်တွေကတော့ -
- ခြေချောင်းတွေ အေးစက်ခြင်း၊
- အရေပြားပြာနှမ်းခြင်း ဒါမှမဟုတ် ဖြူဖျော့နေခြင်းလိုမျိုး လက်အရေပြားအရောင် ပြောင်းလဲခြင်း၊
- လက်တွေ ထုံကျဉ်ခြင်း ဒါမှမဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊
- အရည်ကြည်ဖုပေါက်ခြင်း၊
- အရေပြားတင်းမာခြင်း ဒါမှမဟုတ် မာကြောခြင်းစတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေရှိရင်တော့ ဆရာဝန်ထံပြဖို့ လိုအပ်ပါတယ်။
လက်အေးစက်နေရခြင်း အကြောင်းများ
လက်တွေ အေးစက်နေရတာာ အေးမြတဲ့ ပတ်ဝန်းကျင်ရာသီဥတု၊ သွေးလှည့်ပတ်မူ မကောင်းခြင်းနဲ့ သဘာဝအပူချိန်ကို ထိန်းညှိတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ တုံ့ပြန်မူ စတာတွေကြောင့် ဖြစ်တတ်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ စိတ်လူပ်ရှားရတဲ့ အခြေအနေမျိုးမှာလည်း လက်တွေ အေးစက်လာတတ်ပါတယ်။ လက်တွေအေးစက်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းတွေကတော့ -
- သွေးအားနည်းခြင်း၊
- ဆီးချိုသွေးချိုရောဂါ ရှိခြင်း၊
- နှင်းကိုက်နာ ဖြစ်ခြင်း၊
- ခန္ဓာကိုယ်အစွန်အဖျားရှိ သွေးလွှတ်ကြောဆိုင်ရာ ရောဂါရှိခြင်း၊
- အရေပြားမာတဲ့ ရောဂါ (Sclerodema) ရှိခြင်း၊
- ရေးနော့ သွေကြောကျဉ်းရောဂါရှိခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
ဆရာဝန်နှင့် ပြသသင့်သောအချိန်
သင့်အနေနဲ့ အမြဲလိုလို လက်တွေအေးစက်နေရင် ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့လိုအပ်ပါတယ်။ သင့်လက်တွေ အေးစက်နေရတဲ့ အကြောင်းရင်းဟာ သွေးလှည့်ပတ်မူစနစ်ကြောင့်လား၊ နာဗ့်ကြောကြောင့်လား၊ တခြားအကြောင်းရင်းကြောင့်လား ဆိုတာကို ဆရာဝန်က စစ်ဆေးပေးပါလိမ့်မယ်။ သင့်လက်တွေ အေးစက်နေရတဲ့ အခြေခံအကြောင်းရင်းပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမူကို ဆရာဝန်က ပးမှာဖြစ်ပါတယ်။
No comments:
Post a Comment