ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 9 June 2011

ကျန်းမာသည့် လက်သည်း ဖြစ်စေရန် (ဒေါက်တာခင်မိုးမိုး)

မျက်စိဟာ ကျွန်ုပ်တို့ရဲ့ ခံစားချက်အတွက် ပြတင်းပေါက် ဖြစ်နေသလို လက်သည်းဟာလည်း ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကြည့်ရူနိုင်တဲ့ မြင်ကွင်းပါ။ လက်သည်းအရောင်နဲ့ ပုံစံဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးအခြေအနေကို ရောင်ပြန်ဟပ်နေပါတယ်။ ကျွန်ုပ်တို့ရဲ့ လက်တွေဟာ နေ့စဉ်ဘက်တီးရီးယား သန်းပေါင်းများစွာနဲ့ ထိတွေ့နေကြရပြီး လက်သည်း အောက်ဘက်နေရာတွေဟာလည်း ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာတွေဖြစ်တာမို့ လက်သည်းကျန်းမာရေး ကောင်းအောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။

လက်သည်းကိုက်ခြင်း
ကလေးတွေနဲ့ လူကြီးတွေမှာပါ လက်သည်းကိုက်တဲ့ အကျင့်ရှိတတ်ပါတယ်။ လက်သည်းကိုက်တဲ့ အကျင့်ကြောင့် လက်တွေဟာ ပါးစပ်အတွင်း အလွယ်တကူဝင်ရောက်သွားနိုင်ပါတယ်။ ဒါ့ပြင် လက်သည်းအောက်ခြေရှိ အရေပြားကွဲအက်သွားတာကြောင့် ရောဂါပိုးတွေ အလွယ်တကူ ၀င်ရောက်နိုင်သွားပါတယ်။ ဒီရောဂါပိုးမွှားတွေဟာလည်း တံတွေးမှတစ်ဆင့် လက်ချောင်းကြားတွေထဲ ပျံ့နှံ့သွားနိုင်ပါတယ်။ Russia မှ လေ့လာမူတွေအရ Ural တောင်တန်းဒေသမှာနေတဲ့ ကလေးတွေဟာ လက်သည်းကိုက်တဲ့ အကျင့်ကြောင့် ခဲဆိပ်သင့်ပြီး IQ ဆုံးရူံးသွားနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သံနဲ့ပတ်သက်ပြီး အလုပ်လုပ်ရသူ (ရေပိုက်သမား၊ ဆေးသုတ်သမား ဒါမှမဟုတ် မိတ္တူကူးစက်) တွေမှာ လက်သည်းကိုက်ကျင့်ရှိရင်လည်း ခဲဆိပ်သင့်နိုင်တယ်လို့ ဆိုလိုပါတယ်။

သင့်လက်သည်းအတွင်းရောဂါပိုး ၀င်ရောက်မူမရှိဘဲ ကျန်းမာစေရန် အောက်ပါနည်းလမ်းကို အသုံးပြုပါ။

၁) လက်သည်းကို သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားပါ။

၂) လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ပါ။

၃) နေ့စဉ်လက်သည်းကို moisturizer လိမ်းပေးပါ။ Urea Phospholipids ဒါမှမဟုတ် Latic acid တွေဟာ လက်သည်း မအက်ကွဲအောင် ကာကွယ်နိုင်ပါတယ်။

၎) လက်သည်းတိုက် (file) ရာမှာ direction တစ်ခုတည်းအသုံးပြုပါ။ ထိပ်ပိုင်းကို ချွန်အောင်တိုက်မယ့်အစား အနည်းငယ်ဝိုင်းထားပါ။

၅) လက်သည်းအောက် သိပ်နက်နက်နဲနဲ သန့်ရှင်းရေးမလုပ်ပါနဲ့။ ရောဂါပိုးဝင်ရောက်နိုင်လို့ပါ။

၆) လက်စွယ်ငုတ်ခဲ့ရင် မတူးဆွပါနဲ့။ အရေပြားအထူးကု ဆရာဝန်နဲ့ပြပါ။

၇) Acetone ဒါမှမဟုတ် Formaldehyde ပါဝင်တဲ့ လက်သည်းဖျက်ဆေး အသုံးမပြုပါနဲ့။

၈) လက်သည်းခြေသည်း မကြာခဏပြုပြင်တတ်ရင် (manicures) သင့်ကိုယ်ပိုင်ပစ္စည်းနဲ့ အသုံးပြုပါ။

၉) လက်သည်းအတုတပ်ထားရင်လည်း လက်သည်းအရောင် အစိမ်းရောင် ပြောင်းလဲမူရှိမရှိ ပုံမှန်စစ်ဆေးပါ။ (ဘက်တိးရီးယားပိုးဝင်တဲ့ လက္ခာဏာမို့ပါ)။

၁၀) ညီညွှတ်မျှတတဲ့ အစာစားပါ။ ဘိုင်အိုတင်ပါဝင်တဲ့ ဗီတာမင်အားဆေး မှီဝဲပါ။

No comments:

Post a Comment