အသားတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ကာ စားသင့်တဲ့ အသားနဲ့ မစားသင့်တဲ့ အသားဆိုပြီး ခွဲခြားသိရှိကာ သင့်တော်တာကိုသာ ရွေးချယ်စားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဒါကိုစားပါ - အဆီနည်း အမဲသားကင်
အဆီနည်းအမဲသားမှာ ဆိုဒီယမ်ပါဝင်မူနည်းပြီး အသားတစ်လွှာမှာ ပရိုတင်းဓာတ် ခုနှစ်ဂရမ် ပါဝင်ပါတယ်။
ဒါကိုမစားနဲ့ - ၀က်အူချောင်း၊ ကြက်အူချောင်း
အရသာရှိတယ်ဆိုပေမယ့် အမဲသားမှာပါတဲ့ကယ်လိုရီရဲ့ နှစ်ဆနီးပါးပိုပါပြီးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အန္တရာယ်ရှိပါတယ်။
ဒါကို စားပါ - ၀က်ပေါင်ခြောက်
အမဲသားကင်မှာပါတဲ့ ပရိုတင်းရဲ့ သုံးပုံနှစ်ပုံပဲပါပေမယ့် အဆီနဲ့ ကယ်လိုရီပါဝင်မူတော့ နည်းပါတယ်။
ဒါကိုမစားနဲ့ - ဆင်းဒ၀စ်ရှ်ထဲ ထည့်ရသောအသားလွှာ
ဆားပါဝင်မူများပြီး အမဲသားကင်ထက် ကယ်လိုရီပါဝင်မူ နှစ်ဆရှိလို့ မစားသင့်တာပါ။
ဒါကို စားပါ - ကြက်ဆင်သား
ကြက်ဆင်သားတစ်လွှာမှာ ပရိုတင်းဓာတ် ခြောက်ဂရမ်ပါဝင်နေပါတယ်။
Friday, 10 June 2011
အကောင်းဆုံးနှင့် အဆိုးဆုံးအသားများ (ဇွန်)
အမျိုးအစား/ကဏ္ဍ
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment