အေးမြတဲ့ ဆောင်းရာသီကိုရောက်လို့ ကုတ်အင်္ကျီနဲ့စတိုင်ကျအောင် ၀တ်ဆင်လိုသူတွေအတွက် သင့်ခန္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်မယ့် ကုတ်အင်္ကျီပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ချမ်းအေးတဲ့ အချိန်မှာဆိုရင်လည်း သင်နဲ့ လိုက်ဖက်တဲ့ ကုတ်အင်္ကျီတစ်ထည်ဟာ သင့်အတွက် စမတ် ကျကျ လှပစေမှာပါ။ အနွေးထည် ပွပွကြီးတွေက နွေးထွေးစေပေမယ့် ခန္ဓာကိုယ်အချိုးကျလှပဖို့တော့ အထောက်အကူ မပြုနိုင်ပါဘူး။
ရင်သားသေးငယ်သူတွေအတွက်
ရင်သားသေးသူတွေဟာကုတ်အင်္ကျီခါးအရှည်ပဲ ဖြစ်ဖြစ်၊အတိုပဲဖြစ်ဖြစ် ရွေးချယ်ချိန်မှာ ကော်လာ နှစ်ထပ်ပါတာမျိုး ဒါမှမဟုတ် လည်ပင်းကော်လာကြီးတာမျိုးတွေကို ရွေးချယ်ပါ။ အရောင်တွေ ပေါင်းစပ်ထားတဲ့ အင်္ကျီမျိုးကို ရွေးပါ။ ရင်ဘတ်နေရာမှာ ကြယ်သီးအကြီးကြီးတွေ တပ်တာမျိုး၊ ပန်းပွင့်တွေပါတာမျိုး ရွေးဝယ်ပါ။
ခါးရှည်သွယ်လျသူ
ခန္ဓာကိုယ် တစ်ဖြောင့်တည်းသွားပြီး ပိန်သွယ်သူတွေအနေနဲ့ ကုတ်အင်္ကျီရွေးချယ်ရာမှာ ခါးနေရာမှာ ခါးပတ်၊ အစည်း ပါတာမျိုးကို ရွေးချယ်ပါ။ ဒါမှ သင့်ခန္ဓာကိုယ်အချိန်းအစားကို ပေါ်လွင်တယ်လို့ ထင်ရစေပြီး စတိုင်ကျလှပါစေပါတယ်။
ဝပြီးခါးနေရာတုတ်သူ
ဝပြီးခါးနေရာနားမှာ တုတ်သူတွေအနေနဲ့ အရောင်ရင့်တာမျိုးကို ရွေးချယ်ပါ။ ရှင်းလင်းပြီး ရင်ဘတ်အရှေ့နားမှာ လုံးတဲ့ကုတ်အမျိုးအစားကို ရွေးချယ်ပါ။ ခါးအစည်း မပါတာမျိုးနဲ့ တင်ပါးအကျော် ပေါင်နေရာလောက်မှာ စည်းထားတဲ့ အင်္ကျီမျိုးကိုရွေးပါ။
ရင်သားကြီးသူတွေအတွက်
ရှေ့မှာ ဇစ်တပ်ထားတဲ့ ကုတ်အင်္ကျီအမျိုးအစားကို ရွေးချယ်ပါ။ ရှင်းလင်းပြီး ရင်ဘတ်အရှေ့နားမှာ ကြယ်သီးတွေ မပါတာကို ရွေးပါ။ ကြယ်သီးအလှဆင်ထားတာမျိုး ၀ယ်မယ်ဆိုရင် ခါးနေရာမှာသာ အလှဆင်ထားတဲ့ ကုတ်အင်္ကျီမျိုးကို ရွေးချယ်ပါ။
Monday, 13 June 2011
ဆောင်းရာသီမှာ စတိုင်ကျစေမယ့် ကုတ်အင်္ကျီပုံစံ (သဲသဲ)
အမျိုးအစား/ကဏ္ဍ
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment