ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 17 June 2011

နားထဲဝင်သွားတဲ့ ရဘယ်ရောက်သွားသလဲ (ဒေါက်တာမြတ်နု)

လူအများစုထင်နေကြတာက နားထဲရေ၀င်သွားတဲ့အခါ ဦးခေါင်းခွံထဲ တစ်နေရာဆီသို့ပါ ရာက်သွားလိမ့်မယ်လို့ပါ။ အမှန်ကတော့ နားစည်ကောင်းနေသရွေ့ နားထဲဝင်လာတဲ့ရေတွေဟာ ပြင်ပနားပြွန်ထဲထိသာ ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နားထဲရေ၀င်ပါက နေမထိထိုင်မသာ ဖြစ်ရတတ်သလို ထိုရေတွေကြောင့်လည်း ရောဂါပိုးတွေ ပေါက်ဖွားနိုင်တဲ့ ပတ်ဝန်းကျင်ပေါ်ပေါက်လာ နိုင်ပါတယ်။ ရောဂါပိုးတွေက စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ပေါက်ဖွားတတ်ကြလို့ပါ။

ရေကူးသမားတွေမှာ ဖြစ်လေ့ရှိတဲ့နားရောဂါတစ်မျိုးကတော့ ပြင်ပနားထဲ ရေ၀င်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြင်ပနားပြွန် ပတ်လည်မျက်နှာပြင်မှာ ရောဂါပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါက နားစည်နောက်ဘက်မှာ ဖြစ်လေ့ရှိတဲ့ နားအတွင်း ရောဂါပိုးဝင်ခြင်းနဲ့ ခြားနားနေပါတယ်။ ဒါ့အပြင် ရေလိုင်းစီးသမားတွေမှာ ဖြစ်တတ်တဲ့ နားရောဂါ တစ်မျိုးလည်း ရှိပါသေးတယ်။ ရေလိုင်းစီးသမားတွေဟာ အေးမြတဲ့ရေဒဏ်၊ လေဒဏ်တို့ကို မကြာခဏ ခံနေရပါတယ်။ အဲဒီအခါ နားပြွန်အေးလာပြီး အရိုးကြီးထွားလာကာ နားပြွန်ကို တဖြည်းဖြည်းနဲ့ ပိတ်လာစေနိုင်ပါတယ်။

နားကို ခြောက်အောင်ထားပါမှ ရောဂါပိုး မကူးစက်မှာပါ။ နားထဲရေ၀င်တဲ့အခါ ခေါင်းကိုရေ၀င်တဲ့ ဘက်စောင်းပြီး ခုန်ဆွ၊ ခုန်ဆွ လုပ်ပေးပါ။ တစ်ဖက်ကနေ ခေါင်းကို ပုတ်ပေးပါ။ ဒါမှမဟုတ် ပိုလျှံနေတဲ့ ရေတွေခြောက်သွားအောင် နားခြောက်ဆေးရည်ထည့်ခတ်လို့ရပါတယ်။ ဆံပင်လေမူတ်စက်နဲ့လည်း ခြောက်အောင်မူတ်ပေးနိုင်ပါတယ်။

သတိထားရမှာတော့ ရေ၀င်နေချိန် နားကြပ်ဂွမ်းတံလေး နားထဲမထည့်မိဖို့ပါ။ ဂွမ်းတံလေးသုံးပါက ပြွန်ထဲရေတွေ တွန်းထည့်လိုက်သလိုဖြစ်ကာ ပြွန်မျက်နှာပြင်တွေ ပွန်းပဲ့ကာ ရောဂါပိုးတွေ ပိုဝင်လာနိုင်ပါတယ်။

No comments:

Post a Comment