ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 10 June 2011

သွားနှင့်ခံတွင်း သန့်စင်စေရန် ဒိန်ချဉ် သောက်ပါ (ကြယ်စင်)

ပလုတ်ကျင်းခြင်း၊ သွားကြားထိုးကြိုးသုံးခြင်းစတာတွေထက် သွားနဲ့ခံတွင်းကို ကျန်းမာသန့်စင်စေတဲ့ နည်းလမ်းတစ်ရပ်ကတော့ ဒိန်ချဉ်သောက်တာပဲ ဖြစ်ပါတယ်။ သွားနဲ့ခံတွင်း ဆေးပညာ ဂျာနယ်ကထုတ်တဲ့ လေ့လာမူတစ်ရပ်အရ တစ်ပတ်မှာ အနည်းဆုံးလေးကြိမ် ဒိန်ချဉ်သောက်ခြင်းဟာ သွားပိုးစားနိုင်ခြေကို ၂၅-ရာခိုင်နူန်း လျော့ကျစေကြောင်း သိရပါတယ်။ ဒိန်ချဉ်ဟာ သွားနဲ့ ခံတွင်းအပေါ် ဘယ်လိုသက်ရောက်မူ ပေးတယ်ဆိုတာကို သေချာမသိရသေးပေမယ့် သွားကြွေလွှာနဲ့ကပ်ပြီး သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ခံတွင်းထဲက အက်စစ်တွေကို လျှော့ချပေးတာကြောင့် ဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။ ဒိန်ချဉ်သောက်တဲ့အခါ သကြားကို လျှော့ထည့်ဖို့ အရေးကြီးပါတယ်။

No comments:

Post a Comment