ဘယ်အသက်အရွယ်ပဲရှိရှိ သင်ရဲ့ ခန္ဓာကိုယ်ဟန်ပန်နဲ့ ပခုံးတွေ သန်စွမ်းနေအောင် လုပ်ဆောင်ပေးသင့် ပါတယ်။
အသက် ၂၀ အရွယ်မှာ -
ကွန်ပျူတာသုံးတဲ့အခါတိုင်း မေးစေ့ကို ရှေ့တည့်တည့်သို့ သုံးလက်မလောက် ချွန်ထားလိုက်ရင် ပခုံးကြွက်သားတွေကို သန်မာစေပါတယ်။
အသက် ၃၀ အရွယ်မှာ -
အသက် ၃၀အရွယ်မှာ ပခုံးသား နာကျင်တောင့်တင်းရသူ အလုပ်သမားပေါင်း ၄၆ ရာခိုင်နူန်းခန့်ရှိကြောင်း ဥရောပ ကျောရိုးမကြီးဆိုင်ရာ ဂျာနယ်က ဆိုပါတယ်။ အဲဒီလိုမဖြစ်အောင် မိနစ် ၄၀ ကြာတိုင်း တစ်ကြိမ်အနားပေးပါ။ အဲဒီအချိန်ကို အိမ်သာသွားတာ၊ ရေသောက်တာစတဲ့ ကိစ္စတွေကို ဆောင်ရွက်နိုင်ပါတယ်။
အသက် ၄၀ မှာ -
ပခုံးတွေ ညောင်းညာတာမျိုးဟာ အသက် ၄၀ အရွယ်မှာ ခံစားရလေ့ရှိပါတယ်။ ပုံမှန်အကြောလျှော့ပြီး အနိုင်ယူပါ။ အကြောလျှော့နည်းမှာ ညာလက်နဲ့ ကျောပြင်ကို ဖော်ပြထားတဲ့အတိုင်းထိကာ ကျန်လက်တစ်ဖက်ကိုသုံးပြီး ညာလက်ဖျံကို သင့်ဆီသို့ ဆွဲယူလိုက်ပါ။
Thursday, 9 June 2011
ပခုံးတွေ သန်စွမ်းနေအောင် (ကြယ်စင်)
အမျိုးအစား/ကဏ္ဍ
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment