ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 17 June 2011

ကြောင်ခြစ်ရာကြောင့် ဖြစ်တတ်သောရောဂါ (ဇွန်)

http://moblog.net/media/j/a/g/jaggysnake/the-illusive-all-white-cat.jpg

သင့်အချစ်တော်ကြောင်ကလေး သင့်ကို ကုတ်ခြစ်လိုက်တဲ့အခါ Bartonella henselae ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် နာမကျန်းဖြစ်ရတတ်ပါတယ်။ ကြောင်တွေရဲ့ တစ်ဝက်နီးပါးဟာ အဲဒီဘက်တိးရီးယားပိုးကို သယ်ဆောင်သူတွေ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီပိုးဟာ ကြောင်တွေကိုတော့ နာမကျန်းမဖြစ်စေပါဘူး။ ကူးစက်ပိုးရှိတဲ့ ကြောင်က ကိုက်လိုက်တဲ့အခါ ဒါမှမဟုတ် ကုတ်ခြစ်လိုက်တဲ့အခါမှာ လူဟာ အောက်ပါ ရောဂါလက္ခဏာတွေကို ခံစားရတတ်ပါတယ်။

- ဦးခေါင်း၊ လည်ပင်းနဲ့ လက်ပတ်လည်မှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းခြင်း၊


- ဖျားခြင်း၊


- ခေါင်းကိုက်ခြင်း၊


- ညောင်းညာကိုက်ခဲခြင်း၊


- အစာစားချင်စိတ်လျော့နည်းခြင်းတို့ ခံစားရတတ်ပါတယ်။

နဂိုကတည်းက ခုခံအားစနစ် အားနည်းနေတဲ့လူတွေမှာ ကြောင်ကုတ်ခြစ်တဲ့ရောဂါကြောင့် ပိုမိုပြင်းထန်တဲ့ ပြဿနာကို ခံစားရတတ်ပါတယ်။

ဒါကြောင့် ကြောင်တွေကြောင့် ရောဂါမရအောင် ကြောင်တွေနဲ့ အကြမ်းပတမ်း ကစားတာမျိုးကို ရှောင်ပါ။ ကြောင်ခြစ်ရာ၊ ကုတ်ရာတွေရှိခဲ့ရင် ဆပ်ပြာနဲ့ ရေကိုသုံးပြီး ဒဏ်ရာရတဲ့နေရာကို သေချာစင်ကြယ်အောင် ဆေးကြောပါ။ ကြောင်ကုန်ခြစ်ခံရတဲ့ နေရာမှာ ပိုးဝင်ရောင်ရမ်းနေရင် ဒါမှမဟုတ် ကြောင်ခြစ်ရာကြောင့် ရောဂါခံစားနေရရင် ဆရာဝန်နဲ့ ပြပါ။

No comments:

Post a Comment