ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 16 June 2011

ဆောင်းရာသီမှာ ဓာတ်မတည့်ခြင်းနှင့် ရင်ကျပ်ပန်းနာထခြင်း ကင်းဝေးစေရန် (Life Style Column)

ဆောင်းရာသီရောက်လာတဲ့အခါ ရင်ကျပ်ပန်းနာရောဂါရှိသူတွေနဲ့ အေးတဲ့ရာသီနဲ့ ဓာတ်မတည့်မူ ဖြစ်တတ်တဲ့သူတွေ အနေနဲ့ ပိုမိုဂရုစိုက်ဖို့ လိုအပ်နေပါတယ်။ အမေရိကန် ဓာတ်မတည့်ခြင်း ကုသမူဆိုင်ရာကောလိပ်က ဓာတ်မတည့်ဖြစ်ခြင်းနဲ့ ရင်ကျပ်ပန်းနာရောဂါတို့ ကင်းဝေးစေဖို့ ဆောင်းရာသီမှာ လိုက်နာသင့်တဲ့ နည်းလမ်းခြောက်သွယ်ကို အောက်ပါအတိုင်းပြောပြထားပါတယ်။

၁။ တုပ်ကွေးကာကွယ်ဆေး ထိုးပါ

အထူးသဖြင့် သင့်မှာ ရင်ကျပ်ပန်းနာရောဂါရှိရင် တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံထားသင့်ပါတယ်။ ရင်ကျပ်ပန်းနာရောဂါနဲ့ တုပ်ကွေး နှစ်မျိုးစလုံးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ကြပါတယ်။ ရင်ကျပ်ပန်းနာရောဂါရှိသူမှာ တုပ်ကွေးဖြစ်နူန်းပိုများပြီး တုပ်ကွေးဖြစ်တဲ့အခါမှာလည်း ပြင်းထန်ဆိုးရွားတဲ့ ရင်ကျပ်ပန်းနာရောဂါထခြင်းကို ဖြစ်စေနိုင်သလို ပြင်းထန်တဲ့ နာမကျန်းဖြစ်ခြင်းနဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်ဆေးထိုးထားပါ။

၂။ ပန်းဝတ်မူန်နှင့် မိုများကြောင့် ဓာတ်မတည့်မူ ဖြစ်လွယ်ပါက အပြင်မှာ သိပ်မနေသင့်ပါ
ဆောင်းရာသီ လေထုထဲမှာ ပန်းဝတ်မူန်နဲ့ မိုတွေ ပျံ့နှံ့နေတာကြောင့် အိမ်အပြင်မှာ သိပ်မနေပါနဲ့။ အိမ်အပြင် မှာနေပြီး ပြန်လာတဲ့အခါမှာလည်း မိုတွေမကပ်ညိအောင် အ၀တ်အစားချွတ်ပြီး ရေချိုးပေးသင့်ပါတယ်။ ကလေးတွေဟာ မိုနဲ့ ဓာတ်မတည့်မူ အဖြစ်များတဲ့အတွက် သစ်ရွက်ကြွေတွေနဲ့ ဝေးဝေးမှာ နေခိုင်းပါ။

၃။ မီးပုံပွဲနှင့် ထင်းမီးဖိုတို့ကို ရှောင်ပါ
အထူးသဖြင့် သင့်မှာ ရင်ကျပ်ပန်းနာရောဂါရှိရင် မီးပုံပွဲနဲ့ ထင်းမီးဖိုတို့ကို ရှောင်ရပါမယ်။ အကြောင်းကတော့ မီးခိုးတွေဟာ ရင်ကျပ်ပန်းနာရောဂါထခြင်း အန္တရာယ်ကို မြင့်မားစေပါတယ်။

၎။ လက်များကို သေချာဆေးကြောပါ

အအေးမိခြင်းနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေ မကပ်ငြိစေဖို့ လက်တွေကို သေချာဆေးကြောပေးရပါမယ်။

၅။ မီးဖိုမှာ ဆန်ခါ တပ်ဆင်ပါ

မီးဖိုမှာဆန်ခါတပ်ဆင်ပြီးအချိန်ခြောက်လကြာတိုင်းအသစ်လဲပေးပါ။မီးဖိုသုံးနေစဉ်မှာ လေထုညစ်ညမ်းမူကြောင့် ဓာတ်မတည့်မူနဲ့ ရင်ကျပ်ပန်းနာအန္တရာယ် မဖြစ်အောင် ပန်ကာ ဖွင့်ထားပေးပါ။

၆။ ကုသမူအတွက် ဆရာဝန်နှင့် ဆွေးနွေးပါ

ဓာတ်မတည့်မူဖြစ်အောင် လူံ့ဆော်ပေးတဲ့အရာတွေနဲ့ ရင်ကျပ်ပန်းနာရောဂါထအောင် လူံ့ဆော်ပေးတဲ့ အရာတွေကိုသိပြီး ရှောင်ရှားရင် သင့်တော်တဲ့ ကုသမူကို ခံယူနိုင်ဖို့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

No comments:

Post a Comment