ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 14 June 2011

နှလုံးနှင့် ပတ်သက်သော စိတ်ဝင်စားဖွယ်များ (ဒေါက်တာခင်မိုးမိုး)

ဆေးဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီး နည်းပညာတွေတိုးတက်လာတဲ့အတွက် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှ အရေးအကြီးဆုံး ကိုယ်တွင်း အင်္ဂါတစ်ခုအကြောင်း ပိုမိုနားလည်စပြုလာတာကြောင့် နှလုံးနဲ့ ပတ်သက်ပြီး အံ့သြဖွယ်ရာ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှလုံးကြီးခြင်း

နှလုံးကြီးတာဟာ များသောအားဖြင့် အရည်အသွေးကောင်းတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ နှလုံးကြီးတာဟာ နှလုံးရောဂါရှိနေတာပါ။ နှလုံးကြီးတာဟာ နှလုံးရောဂါ ရှိနေတာပါ။ နှလုံးကြီးတာဟာ များသောအားဖြင့် နှလုံးကြွက်သားရောဂါ (Dilated Cardiomyopathy)နဲ့ ဆက်စပ်နေတတ်ပါတယ်။ နှလုံးအခန်းတွေ ဆန့်ထွက်ပြီး ကျယ်လာတယ်။ နှလုံးညှစ်အားလျော့သွားပြီး ကိုယ်တွင်းအင်္ဂါအဆီတွေဆီ သွေးရောက်မူနည်းသွားကာ မကုသဘဲထားရင် နှလုံးအလုပ်မလုပ်နိုင်တဲ့ Heart Failure ရရှိသွားနိုင်ပါတယ်။

(၂) အမျိုးသမီးနှလုံး
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက နှလုံးရောဂါနဲ့ နှလုံးတိုက်ခိုက်ခံရတာဟာ အမျိုးသားတွေဖြစ်တဲ့ ရောဂါလို့ သတ်မှတ်ကြပါတယ်။ အမှန်တကယ်တော့ အမေရိကန်နိုင်ငံမှာ နှလုံးရောဂါကြောင့် အမျိုးသမီးပေါင်း ၅၀၀,၀၀၀ (ငါးသိန်း) ကျော်ဟာ နှစ်စဉ်သေဆုံးလေ့ရှိကြပြီး အမျိုးသားပေါင်း ၅၀၀၀၀ ကျော်သာ သေဆုံးတတ်တယ်လို့ သိရပါတယ်။ အမျိုးသမီးတွေမှာဖြစ်တဲ့ Heart Attack လက္ခဏာဟာ အမျိုးသားတွေနဲ့မတူဘဲ ကွာခြားတတ်ပါတယ်။ အမျိုးသားတွေမှာ ရင်ဘတ်အတွင်းဆုပ်ဆွဲထားသလို ခံစားရတတ်ပေမယ့် အမျိုးသမီးတွေမှာ ပျို့တာ၊ ခါးနာတာ၊ တင်းကျပ်ကျပ် ဖြစ်တာ ဒါမှမဟုတ် နှလုံးကို ဖိထားသလို ခံစားရတာတွေသာ ရှိတတ်ပါတယ်။

(၃) နှလုံးကို ပြုပြင်ခြင်း
သိပ္ပံပညာရှင်တွေက နှလုံးပျက်စီးနေတဲ့သူတွေအတွက် Cell ကုထုံးပေါ်လာဖို့ red-spotted newtကို လေ့လာနေကြပါတယ်။ နှလုံးကြွက်သားအသစ်တွေ တည်ထောင်နိုင်ဖို့ Stem Cells ကုထုံးအသုံးပြုနိုင်ရန် နှလုံးကိုပြုပြင်နိုင်တဲ့ နည်းလမ်းတွေ ပေါ်လာတော့မှာဖြစ်ပါတယ်။

No comments:

Post a Comment