သုတေသနပညာရှင်များသည် ပျက်စီးသွားသော ကျောရိုးများကို အသစ် ပြန်လည်ဖြစ်ပေါ်စေသည့် နည်းလမ်းများကိုတွေ့ရှိခဲ့ကြသည်။ ကျောရိုးဆစ်များ အကြားတွင်ရှိသော အ၀ိုင်းပြားများ၏ ချို့ယွင်းမူကြောင့် ခါးနာရောဂါဖြစ်ပေါ်စေသည်။ သို့သော် ယင်းအ၀ိုင်းပြားများကို ပြုပြင်ရန် မဖြစ်နိုင်ဟု ယူဆခဲ့ကြသည်။ သို့ရာတွင် ဆွီဒင်နိုင်ငံမှ သုတေသနပညာရှင်များသည် ပင်မဆဲလ်များကို အသုံပြုလျက် ပျက်စီးသွားသော ယင်းအ၀ိုင်းပြားများကို ပြန်လည်ပြုပြင်ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိခဲ့ ကြသည်။
အဆိုပါ အ၀ိုင်းပြားများပျက်စီးယိုယွင်းမူသည် ကျောရိုးဆစ်၏ အရိုးနုဖြင့် ပြုလုပ်ထားသော အပိုင်း၌ ဖြစ်ပေါ်သည်။ ယင်းအရိုးနုအလွှာများ ပါးလွှာလာသောအခါ ကျောရိုးဆစ်များသည် အရိုးနုကြားခံ မရှိတော့ဘဲ အချင်းချင်း တိုက်ရိုက်ပွတ်တိုက်သောကြောင့် နာကျင်မူကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း အဆိုပါအရိုးနုများသည် သူတို့ဘာသာ ပြန်လည်ဖြစ်ပေါ်နိုင်ခြင်းမရှိပေ။ ဂိုသင်ဘတ် တက္ကသိုလ်မှ သုတေသနပညာရှင် ဟယ်လီနာဘာရက်တိုဟင်နရစ်ဆင်က ပင်မဆဲလ်များကို အသုံးပြုပါက ယင်းအရိုးနုများကို ပြန်လည်ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Tuesday, 14 June 2011
ပင်မဆဲလ်များကို အသုံးပြု၍ ကျောရိုးပျက်စီးနေသူများ၌ ကျောရိုးဆစ် စတင်ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိ (DM, 30.11.10) NYM
အမျိုးအစား/ကဏ္ဍ
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment