ဗြိတိန်နိုင်ငံသားတစ်ဦး၏ ဦးနှောက်အတွင်းသို့ ပင်မဆဲလ်များ သန်းနှင့်ချီလျက် ထိုးသွင်းပြီး လေဖြတ်ခြင်းကြောင့် ဖြစ်ပွားခဲ့သည့် ဦးနှောက်ပျက်စီးမူကို ပြင်ဆင်နိုင်ခဲ့ကြောင်း သိရသည်။ လာမည့်လအတွင်း ပျက်ကျသွားသော ကလေးတစ်ဦးထံမှ ရရှိသည့် ပင်မဆဲလ်များဖြင့် အလားတူကုထုံးများကို အသုံးပြုကာ အခြား လူနာ ၁၁ဦးကို ထပ်မံ စမ်းသပ်ကြည့်ဦးမည်ဟုဆိုသည်။ သုံးလရှိသည့် သန္ဓေသားတစ်ဦးမှာရရှိသော ဆဲလ်များသည် လူနာပေါင်းသိန်းနှင့် ချီလျက်ကို ကုသရန် လုံလောက်သည်ဟု ဆိုသည်။
သို့သော် ဝေဖန်သူတို့က မမွေးဖွားရသေးသော ကလေးငယ်တစ်ဦး၏ အသက်ကို ဆေးဝါးထုတ်လုပ်ရေး စက်ရုံတစ်ခုအဖြစ် အလွဲသုံးစားပြုခြင်းဖြစ်သည်ဟုဆိုကာ ၀ိုင်းဝန်းကန့်ကွက်နေကြသည်။ ဗြိတိန်နိုင်ငံ ဂလက်စဂိုးမြို့တောင်ပိုင်း အထွေထွေဆေးရုံမှ ဆရာဝန်များနှင့် ဆာရေးမြို့ အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ ReNeuron မှ သိပ္ပံပညာရှင်များနှင့် ပူးပေါင်းကာ အဆိုပါ ကုထုံးကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ အထူးဆဲလ်အမျိုးအစားအဖြစ် ကွဲပြားခြင်းမရှိသေးသည့် ပင်မဆဲလ်များသည် ခန္ဓာကိုယ်အတွင်း ပျက်စီးနေသည့် တစ်သျှူးများကို ပြင်ဆင်နိုင်ကြောင်း သိရသည်။
ဦးနှောက်ထဲသို့ ပင်မဆဲလ်တစ်ကြိမ်သာ ထိုးသွင်းရုံဖြင့် လေဖြတ်ခြင်းကြောင့် ဦးနှောက်ပျက်စီးနေသူကို စကားပြောခြင်း လမ်းလျှောက်ခြင်းနှင့် မှတ်ဉာဏ်များ တိုးတက်ကောင်းမွန်လာစေသည်ဟု ဆိုသည်။ အသက် ၆၀ကျော် အရွယ်ရှိ ကုန်တင်ကား ဒရိုင်ဘာတစ်ဦးသည် လွန်ခဲ့သည့် ၁၈လကစ၍ လေဖြတ်ခြင်းဝေဒနာကို ခံစားရခြင်းဖြစ်သည်။ သူ့အား စမ်းသပ်ကုသမူအဖြစ် ပါမောက္ခကိတ်မား ဦးးဆောင်သောအဖွဲ့က ကုထုံးအသစ်ဖြင့် စမ်းသပ်ကုသပေးရာမှ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

Thursday, 9 June 2011
ကမ္ဘာ့ပထမဆုံးအဖြစ် လေဖြတ်သူ၏ ဦးနှောက်ထဲသို့ ပင်မဆဲလ်များ ထိုးသွင်းပြီး ကုသနိုင်ခဲ့ ( NYM)
အမျိုးအစား/ကဏ္ဍ
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment