ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 9 June 2011

အပြင်နားရောင်ရမ်းခြင်း (Otitis Externa)(ဒေါက်တာခင်မိုးမိုး)

အပြင်နားရောင်ရမ်းတာဟာ အသက်အရွယ်မရွေးဖြစ်တတ်ပြီး အထူးသဖြင့် ရေကူးသမားတွေမှာ ပိုဖြစ်ပါတယ်။ နားအပြင်နေရာမှာ ရောဂါပိုးဝင်နေတာ၊ ဒါမှမဟုတ်နားပြွန်အတွင်း ပြည်တည်နာရှိတာလိုမျိုးကြောင့် ဖြစ်တတ် ပါတယ်။ အထူးသဖြင့် ကုတ်ခြစ်ရာတွေရှိနေရင်ပါ။

ရောဂါလက္ခဏာ
- ရောဂါပိုးဝင်တဲ့နားမှ အရည်(ပြည်)တွေထွက်ကျနေတတ်ပါတယ်။ အရည်အနည်းငယ်စထွက်ရာမှ အရည်များများထွက်လာတဲ့အထိ ဖြစ်တတ်ပါတယ်။ နားပြွန်အတွင်းမှ ပြည်တည်နာ ပေါက်ထွက်သွားမှသာ အရည်(ပြည်) ထွက်လာပါတယ်။

- နားကိုက်နေခြင်း

- နားပေါက်ဝမှာ နှင်းခူလိုမျိုး အဖုအပိမ့်တွေရှိနေတတ်ပါတယ်။

- ယာယီနားလေးနေခြင်း

ရောဂါကြာချိန်

- ကုသမူခံယူပါက ရက်အနည်းငယ်အတွင်း သက်သာသွားပါတယ်။

- ကုသမူမခံယူရင် လပေါင်းများစွာထိ ရောဂါရှိနေတတ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ

- ဘက်တီးရီးယား ဒါမှမဟုတ် မိုပိုးကြောင့်

- ကလိုရင်းခတ်ထားတဲ့ ရေကူးကန်မှာ ရေကူးတာကြောင့်

- ရေကန်ထဲမှာ ရေချိုးတာကြောင့်

အိမ်မှာ ဘယ်လိုကုမလဲ
- နားမှစီးကျတဲ့ ပြည်အရည်တွေကို သုတ်သင်သန့်ရှင်းပေးပါ။

- နားအတွင်းထဲသို့ သန့်ရှင်းရေးမလုပ်ပါနဲ့။

-နားမှပြည်ရည်တွေစီးကျအောင်တစ်ဖက်စောင်းအိပ်ပေးပါ။ ခေါင်းအုံးမှာ ပြည်ရည်တွေမစွန်းအောင် ခေါင်းအုံးစွပ်နဲ့ ခေါင်းအုံးကြားမှာ ပလတ်စတစ်ခင်းထားပေးပါ။

- နားထဲရေမ၀င်ပါစေနဲ့။

- လိုအပ်ရင် အကိုက်အခဲပျောက်ဆေးသောက်ပါ။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
- ရောဂါဝေဒနာစတင်ခံစားရပြီး ၄၈နာရီအတွင်း ပြပါ။

ဆရာဝန်က ဘာလုပ်ပေးမလဲ

- နားအတွင်းပိုင်း သန့်ရှင်းရေးလုပ်ပေးပါမယ်။

- နားအတွင်းထည့်ဖို့ဆေးရည်ညွှန်ပေးပါမယ်။

- လိုအပ်ရင် နား၊ နှာခေါင်းအထူးကုဆရာဝန်နဲ့ ပြသဖို့ ညွှန်ပေးပါမယ်။

ဘယ်လိုကာကွယ်မလဲ

- ၀ါဂွမ်းနားကြပ်တံနဲ့ နားအတွင်းပိုင်းကို အတင်းထိုးပြီး နားမကျပ်ပါနဲ့။ နားအပြင်ဘက်မှ နားဖားချေးတွေကို တစ်သျှူး ဒါမှမဟုတ် လက်ကိုင်ပ၀ါနဲ့သာ သန့်ရှင်းပေးပါ။

- သံလွင်ဆီနှစ်စက်မှ သုံးစက်ကို ရေမကူးခင် နားတစ်ဖက်တစ်ချက်စီ ထည့်ပေးပါ။

ရောဂါအခြေအနေ

- အန္တရာယ်သိပ်မများပေမယ့် မကြာခဏပြန်ဖြစ်တတ်ပါတယ်။

No comments:

Post a Comment