ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 4 December 2012

(၂) တဘ၀စာ၊ အပါယ်မလားရန်နည်းလမ်းကောင်း

သဒ္ဓါတရား(၄)မျိုး
သဒ္ဓါနည်းလျှင်၊ တရားနဲ့လွဲပြီး၊ သဒ္ဓါထားလျှင်တရားရပါမယ်။ သဒ္ဓါ(၄)မျိုးရှိပါတယ်။

(၁)ပသာဒသသဒ္ဓါကြည်ညိုဖွယ်အာရုံဝတ္ထုတို့ကို မြင်ရ၊ တွေ့ရ၊ ကြားရသောအခါ စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ဖြစ်ပေါ်လာသော၊ ယုံကြည်မှု၊ ကြည်လင်မှု၊ သဒ္ဓါမျိုးသည်၊ ဖြစ်လွယ် ပျက်လွယ်သော သဒ္ဓါမျိုးပင်တည်း။


(၂)သြကပ္ပနသဒ္ဓါကြည်ညိုဖွယ် စူးစမ်းဆင်ခြင်၍ သက်ဝင်ယုံကြည်သော သဒ္ဓါမျိုးသည် သြကပ္ပနသဒ္ဓါမည်၏ ယခုအခါမြတ်စွာဘုရား သာသနာတော်တွင်း၌ နည်းမှန်လမ်းမှန်ဖြင့် ကျင့်ကြံအားထုတ်လျှင် မဂ်ဖိုလ်ကို ရနိုင်သေးသည်ဟု ယုံကြည်မှုသည်လည်း ဤသဒ္ဓါမျိုး၌ အကျုံးဝင်လေသည်။

(၃)အာဂမနသဒ္ဓါနိယတဗျာဒိတ်ပန်းကို ဆင်မြန်းတော်မှုသော၊ အလောင်းတော်ကြီးတို့သာလျှင် ရသော သဒ္ဓါမျိုးဖြစ်သည်။

(၄)အဝေစ္စပသာဒသဒ္ဓါအရိယာတို့သာလျှင် ရသော သဒ္ဓါမျိုးဖြစ်၍ ဘယ်သူဖျက်ဖျက်မပျက်သော သဒ္ဓါမျိုးဖြစ်ပါသည်။

အထက်ပါသဒ္ဓါ(၄)မျိုးအနက် သြကပ္ပနသဒ္ဓါမျိုးနှင့်ပြည့်စုံမှသာလျှင်၊ ယခုဘ၀မှာ အရိယာဖြစ်နိုင်ခွင့် ရှိပါသည်။ (သူတော်ကောင်းဥစ္စာ ၇-ပါးတွင်ပါဝင်သော သဒ္ဓါသည်ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကိုယုံကြည်ခြင်း၊ ကံ-ကံ၏အကျိုးကိုယုံကြည်ခြင်း ဖြစ်ပါသည်၊ အရိယာဖြစ်လိုသောပုဂ္ဂိုလ်သည် ဤသဒ္ဓါမျိုးနှင့်ပြည့်စုံရပါမည်)။

ဒါကြောင့်ယုံကြည်စိတ်(သဒ္ဓါတရား) ခြေတလှမ်းစတင်ချကာ၊ ယုံကြည်ကိုးကွယ်မှအား၊ အခြေခံမှ စတင်လေ့လာ အားထုတ်ကြရပါမည်။ အခြေခံအားဖြင့် သာမန်ပုထုဇဉ်ဘ၀မှာပင် ဗုဒ္ဓဘာသာဝင်တို့သည် ဆရာ၊ မိဘ၊ သံဃာတော်များ၏ ဟောကြားပြောဆိုဆုံးမမှုများအား၊ ခံယူလိုက်နာကျင့်သုံးရပါမည်၊ တကယ်လိုက်နာခံယူကျင့်သုံးပါက (ကလျာဏပုထုဇဉ်)ဟု ခေါ်ထိုက်သော ပုဂ္ဂိုလ်ဖြစ်လာပါမည်။ ကလျာဏဆင့်သို့ ရောက်လာပြီဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ဘုရား၊ တရား၊ သံဃာကိုဘဲကိုးကွယ်ဆည်းကပ်ပြီး အကုသိုလ်ဖြစ်မယ့် အလုပ်တွေကိုရှောင် ဖယ်ကာ ကုသိုလ်ဖြစ်မယ့် အလုပ်တွေကိုဘဲ လုပ်တော့မယ်။ ငါးပါးသီလကိုလည်း လုံခြုံအောင်စောင့်ထိန်းတော့မယ် ဘယ်ဘိုးတော်၊ ဘယ်ဒေ၀ီ၊ ဘယ်ဘီလူးကိုမှလည်း ပူဇော်ပသတောင်းပန်ခြင်း မပြုတော့ပါ၊ မိမိမှာ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါး အစစ်ရှိနေပြီ၊ ကိုယ်ကျင့်တရားဖြစ်တဲ့ ငါးပါးသီလလည်းရှိနေပြီ၊ မြဲနေပြီဆိုရင်၊ ဘယ်အချိန်ဘယ်ဒေသမှာ ဘယ်ဘေးနဲ့သေသေ အပါယ်သို့ မရောက်ဘူးဆိုတာ သေချာပါတယ်။

 (ဦးတင်ဟန်၊ရှမ်းတဲကြီး)မှတဆင့်ကူးယူဝေငှ ဒါနပြုပါသည်။ [၀ိဇ္ဇာစရဏသမ္ပန္နော]

No comments:

Post a Comment