ဒီတစ်ခါမှာတော့ ကိုယ်ပိုင် ဘလော့ဂါ တည်ဆောက်ထားသော သူငယ်ချင်းမိတ်ဆွေများအတွက် ကိုယ်ပိုင်စာမျက်နှာလေးတွေတိုင်းမှာ ကိုယ့်စာမျက်နှာမှာထည့်ထားတဲ့ ချက်ခန်း C-Box လေးထဲမှာ ချစ်စရာ အရုပ်ကလေးတွေ ထည့်ချင်သူများအတွက် တောသူမလေး လုံးဝမသိသေးတဲ့ သူငယ်ချင်းများအတွက် သိသလောက် ကြိုးစားပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။
ပုံ(၁)

ပထမဆုံး http://www.cbox.ws ဆိုဒ်လေးကို အရင်ဆုံးဖွင့်လိုက်ပါ။ ဖွင့်ပြီးသွားရင်တော့ ပုံ(၁) မှာ ပြထားတဲ့အတိုင်း Signup ဆိုတာလေးကို နှိပ်ပြီး အရင်ဆုံး ဖောင်ဖြည့်လိုက်ပါ။
ပုံ(၂)

Signup မှာ ဖောင်ဖြည့်ပြီး ကိုယ်ပိုင် အကောင့်လေးရပြီဆိုရင်တော့ ပုံ(၂) မှာ ပြထားတဲ့အတိုင်း ဖောင်ဖြည့်တုန်းကထည့်ထားတဲ့ နာမည်နဲ့ ပတ်စ်ဝေါ့ကို ရိုက်ထည့်လိုက်ပြီးမှ မြှားလေးကို နှိပ်ပြီး ၀င်လိုက်ပါ။
နာမည်နဲ့ ပတ်စ်ဝေါ့ကို ရိုက်ထည့်ပြီး ၀င်ပြီးသွားရင်တော့ C-Box ပင်မစာမျက်နှာ Home ကိုရောက်သွားပါလိမ့်မယ်။
ပုံ(၃)

C-Box ပင်မစာမျက်နှာ Home ကို ရောက်သွားရင်တော့ ပုံ (၃) မှာ ပြထားတဲ့အတိုင်း Options ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ပါ။ Smilies ဆိုပြီး မြင်ရပါလိမ့်မယ်။ တစ်ချက်နှိပ်လိုက်ပါ။
ပုံ(၄)

Smilies ဆိုတာလေးကိုနှိပ်ပြီးသွားရင်တော့ ပုံ (၄) မှာ ပြထားတဲ့အတိုင်း Emoticons ဆိုပြီး Smilies ဘောစ်လေးတစ်ခုကျလာပါလိမ့်မယ်။ မြှားပြထားတဲ့အတိုင်းကြည့်လိုက်ပါ။
Pic - မိမိထည့်လိုက်သောပုံ၊
Code - ပုံသင်္ကေတ တစ်ခုခုထည့်ပေးပါ (ဥပမာ - ;1; ;2; ;3; ;4; စသဖြင့် သင့်တော်သလိုထည့်ပေးရပါမယ်၊ ပုံထည့်တာမတူပေမယ့် သင်္ကေတတွေ တူသွားခဲ့ရင်တော့ တစ်ခြားလူက ပုံတစ်ခုကို နှိပ်လိုက်ရင် နံပါတ်တူနေတဲ့ပုံက မှားပြီး ပေါ်တက်တာမို့ သင်္ကေတလေးတွေ မတူအောင် ထည့်ဖို့ သတိပြုသင့်ပါတယ်)
URL - မိမိထည့်လိုသော ပုံရဲ့ URL ပုံကုတ်ကို ထည့်ပေးရမှာဖြစ်ပါတယ်။
ပုံ(၅)

ဒါဆို ပုံ(၅) ကိုကြည့်လိုက်ပါဦး။ ပုံလေးတွေနောက်ထပ်ထည့်ဖို့အတွက် Row အသစ်လေးတွေ ထပ်တောင်းချင်ရင် ထည့်ချင်ရင်တော့ အောက်မှာ မြှားပြထားတဲ့အတိုင်း New Row ကိုနှိပ်လိုက်ရင် ပုံလေးတွေအောက်မှာပဲ Row အသစ်ထပ်ကျလာပါလိမ့်မယ်။ တစ်ကယ်လို့ ထည့်ပြိီးသားပုံမကြိုက်တော့ရင် မလိုချင်တော့ရင်တော့ ပုံ URL ကုတ်တွေ ပြောင်းထည့်လို့ရသလို Row အတန်းလေးတွေရဲ့ ညာဘက်မှာရှိတဲ့ အနီရောင် ကြတ်ခြေခတ်လေးတွေကို နှိပ်ပြီးမှလည်း ဖြတ်လို့ ရပါတယ်။
မှတ်ချက်။ ။ ဒီနေရာမှာ အထူးသတိပြုသင့်တာကတော့ ပုံတစ်ပုံ ထည့်ပြီးတိုင်းမှာ ပုံတွေရဲ့အောက် New Row ဘေး ညာဘက်မှာရှိတဲ့ Save Changes ဆိုတာလေးကို တစ်ချက်စီနှိပ်ပြီး သိမ်းပေးဖို့လိုပါတယ်။ မေ့ပြီးမသိမ်းမိပဲနဲ့ ပုံတွေဆက်တိုက်ထည့်နေရင်တော့ သိမ်းတဲ့အခါ လိုင်းကျသည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် စက်ပိတ်သွားသည်ဖြစ်စေ ခဲလေသမျှ သဲရေကျ ဖြစ်ရပါလိမ့်မယ်ဆိုတာ သတိပေးချင်ပါတယ်။
ပုံ(၆)

အားလုံးပြီးသွားပြီဆိုရင်တော့ ပုံ(၆)မှာ ပြထားတဲ့အတိုင်း သင့်ရဲ့ C-Box နေရာမှာ ဒီလိုပုံလေးတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်ရှင်။
ဒီလောက်ဆိုရင် အားလုံး အဆင်ပြေကြမယ်လို့ထင်ပါတယ်ရှင်။ မိမိနားလည်သလို အဆင်အပြေဆုံးဖြစ်အောင် ကြိုးစားရေးပြ ပေးထားပါတယ်ရှင်။ လုပ်ကြည့်တဲ့အခါ အဆင်မပြေမူများရှိပါက ကော်မန့်ဘောစ်တွင် မေးမြန်းနိုင်ပါတယ်ရှင်။ ဘလော့ဂါအသုံးပြုသူ သူငယ်ချင်းမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ။
No comments:
Post a Comment