ခန္ဓာကိုယ်၏နဂိုသဘောသည် ဖောက်ပြန်လျက်ရှိသည်။ ၎င်းကို သိတတ်သော အသိမှန် ဉာဏ်၏ အရသာဖြစ်သည်။ ထိုသဘောကို သိနေသော ဉာဏ်သည် ထပ်ခါထပ်ခါ သိနေသောအခါ ထိုအသိဉာဏ်သည် ခန္ဓာပေါ်ဝယ် အမြင်တစ်မျိုး ဖြစ်လာသည်။ ရှေးက ဤခန္ဓာအပေါ် မိမိထင်လာသမျှ မျှော်လင့်သမျှတို့သည် ယခုအမြင်နှင့်ဆိုလျှင် ဝေးကွာလျက်ရှိ၏။ ဆန့်ကျင်လျက်ရှိ၏။ သို့အတွက် ဤခန္ဓာအပေါ် စိတ်ပျက်စရာဖြစ်လာ၏။ ပျော်စရာဟူ၍ ရှာမတွေ့။ တပ်မက်ဖွယ်။ သာယာဖွယ်၊ နှစ်သက်ဖွယ်ဟူ၍ ဉာဏ်၌မမြင်၊ “သက်သက်ဒုက္ခပါတကား”ဟု အသိပြောင်းလာ၏။ ဤသို့လျှင် ဤလုပ်ငန်း၏ သဘောတရားကို ရိပ်မိဖို့ကောင်းသည်။ ဗုဒ္ဓဘာသာဝင်တိုင်း ရနေသော “သဗ္ဗေသင်္ခါရာ ဒုက္ခာ” ပုဒ်တွင် “ယဒါပညာယ-ပဿတိ” ဆိုသော စကားမှာ ဉာဏ်ကို ပညာကို အထူးပြုဆိုကြောင်း ပြလေရာ စဉ်းစားစရာပင် မလိုလောက်အောင်ပင် ရှင်းနေလေသည်။
ရှင်းနေသော သဘောထက် အတိအလင်း ဆိုထားသော သဘောကိုလည်း လေ့လာပါဦး။
“တတ္ထဟတ္ထပါဒေ အတိစိရံ သမိဉ္စေတွာ ဧ၀၀ါပသာ ရေတွာ ဧ၀၀ါဌိတဿ ခဏေခဏေ ဝေဒနာ ဥပ္ပဇ္ဇန္တိ၊ စိတ္တံ ဧကဂ္ဂံနလဘတိ ကမ္မဋ္ဌာနံ ပရိပတတိ၊ ၀ိသေသံ နာဓိဂစ္ဆတိ”
ရုပ်နာမ်ခန္ဓာတွင် တရားတွေ့အောင် အားထုတ်လိုသော ယောဂီသည် ခန္ဓာနှင့် ဉာဏ်ကွဲအောင် ညွှန်ပြထားလေသည်။ ရုပ်နာမ်ခန္ဓာကို မလူပ်မရှား ဣရိယာပုတ်ကို မပြောင်းမလဲ ပေတေ၍ ရူနေက ဆင်းရဲဖြစ်သော (ဒုက္ခ-ဝေဒနာ) တို့သည် မိုးတိမ်များတက်သကဲ့သို့ တရွေ့ရွေ့ တရိပ်ရိပ် တက်လာမည်။ ထိုအခါတွင် တစ်ချိန်ထက် တစ်ချိန် အချိန်ရှိသရွေ့ ကိုယ်ပင်ပန်းသည်, နာကျင်သည်, စိတ်ကသိကအောက်ဖြစ်မည်၊ လူပ်ရှားမည်၊ ငြိမ်သက်မူမရ၊ ဆင်းရဲခံစားမူကိုသာ မသက်မသာ သိနေရသဖြင့် ခန္ဓာ၏ ပင်ကိုပရမတ်သဘော သိမူမဖြစ်၊ ဒုက္ခဝေဒနာပေါ်သို့ စိတ်ဆင်းရဲစွာ လည်ကျလာမည်။ ခန္ဓာ၏ ပရမတ် အမှန်သဘောကို သိမှ ရမည့်တရားကို မရနိုင်တော့ချေ။ ဤကား ဒုက္ခဝေဒနာတွေ့နေရသော ပုဂ္ဂိုလ်တစ်ဦး၏ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။
၎င်းကို သတိပဋ္ဌာန်းလုပ်ငန်း စိစစ်ရေးတာဝန်အရ မူလပဏ္ဏာသ ဋ္ဌကထာ ပထမအုပ် - ၂၆၈ တွင် အဆိုပြုလိုက်ရာ သုတ်သီလက္ခန် အဋ္ဌကထာ - ၁၇၆ က ထောက်ခံ၍ ဥဇုံ - ကာယံပဏိဓာယအပိုဒ် - ၁၈၈၊ သမ္မောအဋ္ဌကထာ - ၃၄၂၊ ၃၃၁၊ ၃၅၂။ မဟာဝဂ္ဂသံယုတ္တ ဋ္ဌကထာ - ၂၂၈တို့က တညီတညွတ်တည်း အတည်ပြု ဆုံးဖြတ်ထားသည်ကို နောက်ဆုံး ဆဋ္ဌသင်္ဂါယနာ သာသနာ့ခေတ်တစ်ခုလုံးက သာသနာတော်၏ အမှန်ကန်ဆုံး ပြဋ္ဌာန်း၍ တစ်သာသနာလုံးအတွက် ဖြန့်ချိထားသည်။
ဉာဏ်သိရမည့် ဒုက္ခနှင့် သူသိငါသိ ဒုက္ခသည် သံသရာလည်မူ ပြတ်မူထက်မက ကွာခြား၏၊ သူသိ ငါသိ အပြင်သိ ဒုက္ခမျိုးသည် လူတိုင်းသိ၏။ သတ္တ၀ါတိုင်းသိ၏၊ ပညတ်နယ်သားတိုင်းသိ၏။ ဤသို့ သတ္တ၀ါတိုင်းသိနေသော ဒုက္ခရောက်မူ, ဆင်းရဲမူမျိုးကား သံသရာတွင် လည်ပတ်ရာ၌ အချက်အချာဖြစ်၏၊ ဉာဏ်သိဒုက္ခကား ဒုက္ခဟူ၍, ဆင်းရဲဟူ၍ အသံသာတူသည် သဘောကား ပညတ်အာရုံ၊ သူသိ ငါသိ အပြင်အပ ဆင်းရဲမူကို ဆင်းရဲပဲ, ဒုက္ခပဲဟု သိနေသော ပညတ်ဖြင့် လုံးဝ အာရုံပြုနိုင် သိနိုင်သည်မဟုတ်ပေ။
“ဥဒယဗ္ဗယ ပဋိပီဠနဋ္ဌေန ဒုက္ခာတိ ဒုက္ခလက္ခဏံ အာရောပေတိ”
ဖြစ်ခြင်းပျက်ခြင်းတို့သည် အမြဲမပြတ် နှိပ်စက်အပ်သော အနက်သဘောကြောင့် ဒုက္ခဟူ၍, ဆင်းရဲဟူ၍ ဒုက္ခလက္ခဏာဆင်းရဲဟူ၍ သဘောတို့၏ ၎င်းတို့ သဘောအတိုင်း ဖြစ်လျက် ပျက်လျက်နေသော သဘောသည်ပင်လျှင် နှိပ်စက်နေသော သဘောတို့ဖြစ်၍ ဒုက္ခဟူသော တရား၏ အနက် ၄-ချက်တွင် မူလအနက်ဖြစ်သော “ပိဠနတ္ထ နှိပ်စက်ပြ၏” ဟူသော အတိုင်း ဒုက္ခဖြစ်နေသည်၊ ဆင်းရဲနေသည်။ ဤရုပ်နာမ်ဖြစ်မူ သင်္ခါရစုသည် ပင်လျှင် “ဒုက္ခလက္ခဏာ ဒုက္ခခန္ဓာကိုယ်”ဟု ဉာဏ်ဖြင့်သာ ပိုင်းခြား သိကောင်းသော တရားကို ထိုထို ပရမတ်တို့သို့ ဉာဏ်မကပ်သော ပဏ္ဍိတမာနီ တက္ကီသမား ကြံဝိုးဝါးတို့ သိနိုင်သောအရာ မဟုတ်ချေ။
ဤခန္ဓာတွင် ယခု သိနေရသော ဖောက်ပြန်သဘောသည် ပျက်ပျက်၍သာ နေလေသောကြောင့် ဆင်းရဲပင်မြစ် အမှန်ဖြစ်၏။ ထိုဆင်းရဲမျိုးသည် ခန္ဓာဇာတိအဖြစ်ရှိသော သတ္တ၀ါတိုင်းအား ထိုဖြစ်မူပျက်မူသည် ဖြစ်ချင်သူအား, ဖြစ်ရှိနေသူအား နှိပ်စက်၏။ အဖြစ်မရှိလျှင် နှိပ်စက်မူငြိမ်း၏။ ထို့ကြောင့် ဆင်းရဲသော ဒုက္ခဝေဒနာရူလိုသော ယောဂီသည် အပြင်ဒုက္ခဣရိယာပုတ် မရွှေ့မပြင်သဖြင့် တွေ့ရသော ဒုက္ခစသော ပရမတ်ရုပ်နာမ်၌ ဉာဏ်ဖြင့်သာ သိရမည့် ဖြစ်ပျက်နေမူကို မမြင်သူတို့၏ သူသိငါသိ လောကပညတ်သိ စသော ဒုက္ခမျိုးစုံ ဆင်းရဲအဖုံဖုံကို မည်သည့်နည်းနှင့်မျှ မရူမမြင်မူ၍ ၀ိပဿနာဉာဏ်ဖြင့် သိရမည့် ပညတ်မဖက် ပရမတ် ဖြစ်ပျက်ဒုက္ခသစ္စာ သဘောကိုသာ ၎င်းတို့၏ လက္ခဏာအတိုင်း ရူမှတ်ရန် လိုပေသည်။ သတိပဋ္ဌာန်း ပါဠိတော် ဝေဒနာနုပဿနာပိုင်းတွင်…
“ဝေဒနာသု၊ ခံစားသော သဘောတို့၌။ သမုဒယ၀ယဓမ္မာနုပဿိဝါ၊ ဖြစ်ခြင်းပျက်ခြင်း သဘောကို ရူလေ့ရှိသည်ဖြစ်၍။ ၀ိဟရတိ၊ နေ၏” ဟူ၍ လုပ်ငန်းအဓိကပြု၍ ဟောတော်မူချက် တွင် ဝေဒနာဟူသော ခံစားမူ တစ်ခုခုတွေ့လာသော် မည်သို့ ရူရကြောင်း ကိုယ့်အလုပ် ကိုယ်သိစေကုန်။
ဒုက္ခဝေဒနာ ဆင်းရဲခံစားမူမှ လွတ်အောင် ရူသွားကြကုန်သော ပုဂ္ဂိုလ်တို့ အကြောင်းကို ကျွန်ုပ်တို့၏ သစ္စာဒီပကအဖွဲ့ချုပ်မှ ထုတ်ဝေသော “မဇ္ဈိမဉာဏ်သိဖို့ရန်” ဟူသော စာအုပ် စာမျက်နှာအမှတ် - ၃၅ မှစ၍ ဖော်ပြထားပါသည်။
ဒုက္ခဝေဒနာဟူသော ဆင်းရဲခံစားမူဖြစ်သော် အပြင်ဘက်က ဖြစ်သော ဆင်းရဲခံစားရမူသည် ပညတ်အာရုံဖြစ်၍ ပရမတ်ရုပ်နာမ်သို့ မထိခိုက်ပေ။ ဣရိယာပုတ်ကြောင့်ဖြစ်စေ၊ အပြင်အပမှ လုံ့လပယောဂကြောင့်ဖြစ်စေ တွေ့ထိခံစားရသော ဒုက္ခဝေဒနာသည် ပညတ်ကို အာရုံပြုသော ဒုက္ခဒုက္ခတာမျိုးဖြစ်၍ သင်္ခါရဒုက္ခမဟုတ်ရကား သံဝေဂ အထောက်အပံ့မျှသာ ဖြစ်လေသည်။
ယင်းသို့ ဒုက္ခဝေဒနာနှင့် ရင်ဆိုင်ကြုံတွေ့ကြသော ပုဂ္ဂိုလ်တို့သည် ၀ိပဿနာရူရာတွင် မည်သည့် ပုဂ္ဂိုလ်မျှ ပေတေ၍မရူ။ ထိုဒုက္ခဝေဒနာကို ခွာ၍ (၀ါ) နှလုံးမသွားဘဲ ခံစားမူသဘောတရား၏ ပျက်မူကိုသာ ရူကြကြောင်း ဖော်ပြထားသည်။ မြတ်စွာဘုရား၏ မာနဒိန္နဟူသော အနာဂါမ်သာဝကသည် တစ်ခါသော် သေလောက်သည့် ရောဂါ ဝေဒနာဖြစ်သောကြောင့် အရှင်အာနန္ဒာကို အပင့်ခိုင်းပြီးလျှင် တရားနာလေရော အရှင်အာနန္ဒာက သတိပဋ္ဌာန်းလေးပါး တရားကို ဟောလေသည်။ ထိုအခါ မာနဒိန္နသူကြွယ်က…
“ဧ၀ ရူပါယစာဟံ ဘန္တေ ဒုက္ခာယ ဒေ၀နာယ ဖုဋ္ဌောသမာနော ကာယေကာယာနုပဿီဝိဟရာမိ။ လ။ အာတာပီ သမ္ပဇာနောသတိ မာဝိနေယျလောကေ အဘိဇ္ဈာဒေါမနဿံ”
(မဟာဝဂ္ဂသံယုတ်ပါဠိတော် - ၁၅၅)။
“အရှင်ဘုရား-တပည့်တော်သည် ဤသို့သဘောရှိသော ဆင်းရဲခံစားမူသည် နှိပ်စက် ပါသော်လည်း ကာယဟူ၍ ဖော်ပြန်မူ အပေါင်း၌ ဖောက်ပြန်မူ အပေါင်းဟူ၍ လောဘ, ဒေါသကိုပယ်ဖျောက်လျက် ဂရုစိုက်ပြီး ဉာဏ်နှင့် ရူနေပါသည်။
ခံစားမူ၌၊ သိမူ၌၊ ဖြစ်ပေါ်သော သဘောတရားတို့၌ ဤသို့သော ရူလျက်နေပါ၏”
ဟုလျှောက်လေသည်၊ ဤ၌ မာနဒိန္န သူကြွယ်သည် အနာဂါမ် ဖြစ်လေပြီးသောကြောင့် သတိပဋ္ဌာန်း ရူရာ၌ အတော်ပင်ကျင်လည်စွာ ရူနိုင်နေပေသည်။ ၀ိပဿနာ သတိပဋ္ဌာန်းရူမူသည် ခန္ဓာကိုယ်၏ အတွင်း သဘောတရားဖြစ်၍ ရောဂါအနာ ဒုက္ခဝေဒနာသည် အပြင်ဘက်က ပညတ်အာရုံ ဖြစ်ပေရကား ထိုပညတ်ကိုခွာ၍ ရူသည်ဖြစ်သောကြောင့် အဋ္ဌကထာတွင် -
“တံဝေဒနံဝိက္ခမ္ဘေတွာ” ထိုဆင်းရဲ ခံစားမူ (ဒုက္ခဝေဒနာ)ကို ခွာ၍ (၀ါ) နှလုံးမသွင်း မရူမမှတ်ခြင်းဖြင့် ခွာ၍”ဟု အသီးသီး ဆိုကြလေသည်။ အဘယ်ကြောင့် ဆင်းရဲခံစားမူကို ခွာရသနည်းဟူမူ ပညတ်အာရုံဖြစ်သောကြောင့်ဟူပေ။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment