ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 23 November 2012

တရားတော်၏ အဓိကမူ

မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မမူမီ နိမိတ်ကြီး ၄-ပါးကို မြင်၍ တောသို့ ထွက်ခဲ့လေရာ အာဠာရ၊ ဥဒကစသော ရသေ့တို့နှင့် တွေ့ပြီး ၎င်းတို့အထံတွင် သူအလိုရှိနေသော တရားကို မရမူကြောင့် ထိုရသေ့တို့ အထံမှ ဖဲခွာပြီးလျှင် သေနာနိဂုံးသို့ ရောက်၍ မိမိကိုယ်မိမိ တရားရမူအတွက် စစ်ကြောလေသည်။


“ငါသည် အိုမူ-သေမူတို့ကို အလွန်ကြောက်သည်၊ အားလုံးသော သတ္တ၀ါတို့လည်း အိုမူ-သေမူတို့ကို အလွန်ကြောက်ကြသည်။ ထိုကြောက်ရသော အိုမူ-သေမူသည် ကြောက်ကြသော သတ္တ၀ါအားလုံးနှင့် ရင်ဆိုင်ကြရသည်၊ ငါသည် ဘယ်သောအခါမှ အိုမူ-သေမူမှ လွတ်ရပါမည်နည်း လွတ်သော တရားကို ရပါမည်နည်း”ဟု ဆင်ခြင်စဉ်းစားသောအခါ…

“သတ္တ၀ါတို့… အဘယ်ကြောင့် အိုရသေရသနည်း” “ဖြစ်လို့”ဟု အဖြေရလေသည်၊ မှန်၏။ လူဖြစ်လို့ လူအိုရ သေရသည်၊ နတ်ဖြစ်လို့ နတ်အိုရ သေရသည်၊ တိရစ္ဆာန်ဖြစ်လို့ တိရစ္ဆာန် အိုရသေရသည်၊ အမှန်ပင်ဖြစ်သည်။

“ဖြစ်လို့ အိုရ-သေရသည်မှန်၏။ အဘယ်ကြောင့် ဖြစ်သနည်း”“ဖြစ်အောင်လုပ်လို့ ဖြစ်သည်” ထိုစကားလည်း မှန်လှပေ၏။ လူဖြစ်အောင်လုပ်လို့ လူဖြစ်သည်၊ နတ်ဖြစ်အောင်လုပ်လို့ နတ်ဖြစ်သည်၊ အပါယ်ဖြစ်အောင်လုပ်လို့ အပါယ်မှာ ဖြစ်သည်၊ ဤသည်လည်း အမှန်ပင်ဖြစ်သည်။

ဖြစ်အောင်လုပ်လို့ ဖြစ်သည်-မှန်၏။ အဘယ်ကြောင့် ဖြစ်အောင်လုပ်သနည်း၊ ဖြစ်ချင် အားကြီးလို့ ဖြစ်အောင်လုပ်သည်၊ ထိုစကားသည် အလွန်မှန်သော စကားဖြစ်သည်။ လူဖြစ်ချင် အားကြီးလွန်း၍သာ လူဖြစ်ကြောင်းတရားကို ရှာဖွေလုပ်ခဲ့ခြင်း ဖြစ်သည်။ နတ်ဖြစ်ချင်လွန်း၍သာ နတ်ဖြစ်ကြောင်း တရားကို ရှာဖွေပြုလုပ်ခဲ့ခြင်းသည် ဖြစ်၍ ဤယူဆချက်သည် အမှန်ဆုံးဖြစ်သည်။

ဖြစ်ချင်လွန်းသောကြောင့် ဖြစ်အောင်လုပ်သည်မှန်၏၊ အဘယ်ကြောင့် ဖြစ်ချင်လွန်းအားကြီးသနည်း၊ လိုချင်မူ ဖြစ်ချင် မူကြောင့် ဖြစ်ချင်လွန်းအားကြီးခြင်း ဖြစ်သည်၊ ထိုစကားလည်း မှန်ပေသည်၊ လိုချင်မူရှိမှ လိုချင်အားကြီး ဖြစ်ချင် အားကြီး ဖြစ်လေသည်။

ဤသို့ဖြင့် အမှန်တရားကို အမှန်တရားဟု မသိသော(အ၀ိဇ္ဇာ) သဘောသို့ ရောက်လေတော့သည်။

ထိုအခါ အလောင်းတော်သည် ၀မ်းမြောက် ၀မ်းသာ ဥဒါန်းစကား ကျူးရင့်လေသည်၊ ဤခန္ဓာရမူသည် အလုံးစုံသော လောကဒုက္ခ၊ သံသရာဒုက္ခ အပေါင်းတို့ ကျခံရဖို့ အတွက်ဖြစ်၍၊ ၀ိပါက၀ဋ်သာ ဖြစ်လေသည်၊ ဤခန္ဓာ အမှန်ကား ပရမတ်သဘော တရားသာ ဖြစ်၍ ထိုအမှန်သဘော(ပရမတ်)ကို မသိဘဲ၊ မမြင်ဘဲ၊ အပေါ်ယံ ပညတ်မျှသာ သိမှတ်နေကြသည့်အတွက် ကိလေသာ အမျိုးမျိုး ဖြစ်၍ ဘုံဘ၀ အမျိုးမျိုးတို့တွင် ဒုက္ခဆင်းရဲပေါင်းစုံကို ကိုယ်တွေ့ကြုံရလေသည်။

ထိုဆင်းရဲမူဒုက္ခအစုမှ လွတ်မြောက်၍ မအို-မနာ-မသေ လိုခဲ့သော် အို-နာ-သေ တတ်သည့် ခန္ဓာမျိုး အလိုမရှိအပ်ပေ။ ထိုအိုတတ်-နာတတ်-သေတတ်သည့် ခန္ဓာမျိုး အလိုမရှိ၊ မရယူလိုသော် ထိုခန္ဓာရအောင် ပြုလုပ်တတ်သည့် ကိလေသာကို မဖြစ်အောင်၊ ကုန်ခန်းအောင် ပြုလုပ်အားထုတ်အပ်လေသည်။

သို့ဖြစ်၍ ကျွန်ုပ်တို့ လက်ရှိ ရယူထားသော ခန္ဓာသည် ထိုခန္ဓာကိုရအောင် ပြုလုပ်ပေးသော ကိလေသာကြောင့်သာ ဖြစ်ရကား ထိုကိလေသာတို့ ပြုတ်အောင် ၀ိပဿနာ အလုပ်အားဖြင့်သာ တိုက်ထုတ်ရမည်ဖြစ်၍ ရှေးဦးစွာ ဗုဒ္ဓဘုရား၏ ၀ါဒတော် အတိုင်း “ဆန္ဒရာဂ ၀ိနယ” ကိလေသာမဖြစ်အောင် ၀ိပဿနာနည်းဖြင့် ဆုံးမ၍ နောက်တွင် “ဆန္ဒရာဂ ပဟာန”သို့ ရောက်လျှင်ကား မိမိတို့ကိစ္စ ဆုံးခန်းတိုင် ရောက်မည်ဖြစ်သောကြောင့် ဤခန္ဓာကိုယ်သည် ကိလေသာတို့ ခိုဝင်နှိပ်စက်ခံနေရသော ခန္ဓာ၊ သံသရာဒုက္ခပေါင်းစုံတို့ အညှင်းပန်းခံရသော ခန္ဓာ စသော ဒုက္ခပေါင်းစုံ ဆင်းရဲအဖုံဖုံဖြစ်သော “မဟာဒုက္ခက္ခန္ဓ” ကြီးစွာသော ဆင်းရဲအစုကြီးတွင် ကိလေသာ အမျိုးမျိုးတို့ နှိပ်စက်သဖြင့် မည်သို့မျှ ခင်မင်တွယ်တာဖွယ် မကောင်းသောကြောင့် ထိုကိလေသာမှ လည်းကောင်း၊ ထိုခန္ဓာမှ လည်းကောင်း၊ လွတ်မြောက်ကြောင်း တရားကို မြတ်စွာဘုရား ဟောတော်မူသော ဤသုတ်တော်ကို သူတော်ကောင်း ဖြစ်ကြကုန်သော ယောဂီတို့သည် ၀မ်းမြောက်စွာ လေ့လာ နာကြားကြကုန်ရာ သတည်း။

ဆရာဦးကြည် (သစ္စာဒီပက - မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment