တရားဟောမူကို “ဓမ္မဒေသနာ” ကုသိုလ်ဟု ခေါ်၏။ ရိုးသားဖြူစင်စွာ မြင့်မြတ်သော စိတ်ထားဖြင့် ဟောပြောပြသဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ = အလှူဟူသမျှကို ဓမ္မအလှူကနိုင်၏။ ဓမ္မအလှူက အကျိုးပေးသာ၏” ဟု ဟောပြတော်မူသည့်အတိုင်း အလွန်အကျိုးကြီးပေ၏။ ထို့ကြောင့် ဓမ္မဒေသနာကုသိုလ် အစစ်ဖြစ်စေလိုလျှင် ထိုတရားဟောမူကြောင့် ရမည့်ပစ္စည်းလာဘ်နှင့် ကျော်စောခြင်း ဂုဏ်ပကာသနကို လိုချင်သော လောဘကဓမ္မဒေသနာကုသိုလ်ကြီး၏ အကျိုးပေးမူကို သေးသိမ်ညံ့ဖျင်းအောင် နှောက်ယှက်လိမ့်မည် ဖြစ်၍ ကောသလမင်း အိမ်မက်မှာ လာသည့်အတိုင်း တစ်သိန်းတန် စန္ဒကူးကို ရက်တက်ရည်ပုပ်နှင့် လဲလှယ် စားသောက်သူကဲ့သို့ ဖြစ်လိမ့်မည်။
ဆောင်။ ။တစ်သိန်းတန် စန္ဒကူး၊ နေ့ကျူးပုပ် ရက်တက်ရည်၊ အဖိုးမတန်ဘဲနှင့်၊ လဲထပ်ကြပေ။
မြတ်ဗုဒ္ဓေ၊ စိန္တေမိန့်ကြား၊ ဖိုးထိုက်စွာဓမ္မာမြတ်ကို၊ ပစ္စယာ လေးဖြာလာဘ်နှင့် လဲထပ်လို့စား။
ဓမ္မကထိက ဂုဏ်ရည်
မြတ်ဗုဒ္ဓေ၊ စိန္တေမိန့်ကြား၊ ဖိုးထိုက်စွာဓမ္မာမြတ်ကို၊ ပစ္စယာ လေးဖြာလာဘ်နှင့် လဲထပ်လို့စား။
ဓမ္မကထိက ဂုဏ်ရည်
ထို့ပြင် တရားဟောပြောနိုင်သော အရည်အချင်းရှိသူသည် သာမန် ပုဂ္ဂိုလ်မဟုတ်။ အသံသာသာ နူတ် လျှာ ရှင်းရှင်းနှင့် မိမိ၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ကြားနာသူများ နားလည်အောင် ပြောနိုင်သော ပုဂ္ဂိုလ်မှာ “မ-တစ်ထောင် တစ်ကောင်ဖွား” ဖြစ်၏။ ထိုစကားမှန်၏။ နွားခြံတွင်း၌ နွားမ တစ်ကောင် သွင်းလှောင်၍ ထားသော်လည်း ထောင်ထောင် မားမား ဘို့ထွားထွားနှင့် နွားလားဥသဘဖြစ်အောင် ဖွားမြင်နိုင်သော နွားမမှာ တစ်ကောင်တလေပင် အနိုင်နိုင်သာ ရှိသကဲ့သို့ ဓမ္မကထိက တစ်ပါး ဖွားမြင်နိုင်သော မိခင်လည်း အလွန်ရှားပေသည်။
အသံလုပ်ခြင်းအပြစ်
အသံလုပ်ခြင်းအပြစ်
ထို့ကြောင့် ဓမ္မကထိက ပုဂ္ဂိုလ်များလည်း မိမိ၏ မြင့်မြတ်သော ရှေးကံကို တွေးကြံ စဉ်းစားကြပြီးလျှင် ဘုရားရှင်၏ တရားတော်များကို မိမိ နူတ်ဖျားမှ ထွက်စေရာ၌ အသံသာအောင် တမင်တကာ ပြုခြင်း၊ သံဖို သံမ သံတို သံရှည် ဆွဲငင်ခြင်းများကို လုံးဝရှောင်ရှားလျက် ယောက်ျားပီသ တည်ကြည်သော အသံဖြင့် ဟောပြော ဆုံးမသင့်ပါသည်။ အသံကို ဆွဲကာ ငင်ကာ တမင်သာယာအောင်လုပ်၍ ဟောရာ၌ အပြစ် ၅-ပါးကို ဘုရားရှင် ဟောတော်မူသည်မှာ -
(၁) မိမိအသံကို မိမိပြန်၍ သာယာသော တဏှာဖြစ်၏။
(၂) ကြားနာသူတို့မှာလည်း ထိုကဲ့သို့ တဏှာဖြစ်၏။
ရဟန်းတို့... သီချင်းသံ ပေါက်လာအောင် ရှည်စွာ ဆွဲ၍ တရားဟောရာ၌ အပြစ် ၅-ပါး ရှိသည်။
(၁) မိမိအသံကို မိမိပြန်၍ သာယာသော တဏှာဖြစ်၏။
(၂) ကြားနာသူတို့မှာလည်း ထိုကဲ့သို့ တဏှာဖြစ်၏။
(၃) လူကြီးလူကောင်းတို့က “ငါတို့ သီချင်းဆိုသလို ဘုရားသားတော် အခေါ်ခံနေသော ဘုန်းကြီးများလည်း သီချင်းဆိုကြတာပါပဲ”ဟု စွပ်စွဲ ကဲ့ရဲ့တတ်၏။ (ယခုအခါ လူကြီးသာမက၊ လူငယ်များကပင် ကဲ့ရဲ့ကြလေပြီ။)
(၄) တရားဟောရင်း အသံလုပ်လိုသော ဇောကြောင့် မိမိသမာဓိလည်း ပျက်၏။
(၄) တရားဟောရင်း အသံလုပ်လိုသော ဇောကြောင့် မိမိသမာဓိလည်း ပျက်၏။
(၅) နောင်လာ နောက်သား မလိမ်တမာ ကိုယ်တော်ကလေးများကလည်း “အသံလုပ်၍ ဟောရသည်”ဟု အတုလိုက်တတ်ကြသည်။
ဆောင်။ ။အသံလုပ်ကာ၊ ဒေသနာဝယ်၊ သေချာအမှန်၊ ကိုယ့်အသံကို၊ ကိုယ်ပြန်၍ထိ၊ တဏှာငြိလျက်၊ နာသည့်လူပေါင်း၊ တဏှာပြောင်းသား၊ သူကောင်းဉာဏ်မြင်၊ လွန်ပြစ်တင်၏။ ထို့ပြင်တရှိ၊ သမာဓိလည်း၊ ကင်းဘိပေါက်ကြား၊ နောက်နောက်သားတို့၊ လိုက်စားအတု၊ ဤ ၅-ခုသည်၊ မှတ်ရူရမြဲအပြစ်တည်း။
ထိုဟောတော်မူအပ်သော အပြစ်များ ယခုအခါ လုံလောက်စွာ ပေါ်ပေါက်လျက် ရှိလေပြီ။ နောင်လာ နောက်သားတို့ တကယ်ပင် အတုယူကာ တရားဆန်း ဟောနည်းကို သင်ယူကြလေပြီ။ ထိုသူတို့၏ တရားပွဲ၌ ဉာဏ်အမြော်အမြင်ရှိကြသော လူကြီးလူကောင်းများ နည်းပါးရုံမက မလွှဲသာ၍ နာနေရသော လူကြီးလူကောင်းတို့လည်း သူတို့တရား၌ စိတ်မ၀င်စားကြကုန်။ ခေတ်ပညာတတ်သူတို့ကမူ (တရားတော်အမှန် နာယူလိုသော်လည်း) ထိုတရားမျိုးနာရမည်ကိုကား ရှက်ဖွယ်ဟု ထင်မှတ်နေကြသည်။ သို့ဖြစ်၍ အသံလုပ် တရားဟောရာ၌ “ကိုယ့်လိပ်ပြာ ကိုယ်ရှက်” ဆိုသလို ရှက်ဖွယ်ကောင်းလှပေသည်။
စကားပြောလည်း တရားဟောပင်
စကားပြောလည်း တရားဟောပင်
ပရိသတ် အလယ်ထိုင်၍ မြိုင်မြိုင်ကြီး ဟောခြင်းကိုသာ “ဓမ္မဒေသနာ”ဟု မမှတ်ရ။ မိမိအထံ ရောက်လာကြသော ဒကာ ဒကာမ တစ်ယောက် နှစ်ယောက်ကိုပင် ပစ္စည်းလာဘ်ကို မမြော်မမြင်ဘဲ ဖြူစင်သောစိတ်ဖြင့် ဟောပြော ဆုံးမ သြ၀ါဒပေးမူများကိုလည်း “ဓမ္မဒေသနာ”ပင် ဖြစ်၏။ လူကြီးသူမက လူငယ်များကို သွန်သင် ဆုံးမ နည်းလမ်းပြခြင်း၊ အပြစ်မရှိသော လက်မူ စက်မူ အတတ်ကို သင်ပေးခြင်း၊ စာပေပို့ချခြင်း၊ တရားစာ ဖတ်ပြခြင်းများလည်း ဓမ္မဒေသနာပင် ဖြစ်ကြပေသည်။ ထို့ကြောင့် ယခုအခါ တရားဟောနည်းသာမက ခေတ်အားလျော်စွာ ဣနြေ္ဒရရနှင့် အနှစ်အသာပါသော စကားပြောနည်း စာရေး စာဖတ်နည်းများပါ လေ့လာသင့်ကြပေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment