ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 24 November 2012

မဟာဒုက္ခက္ခန္ဓသုတ်-အကျဉ်းချုပ်သိဖွယ်


မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်အခါ ရဟန်းတော်များတို့သည် ဆွမ်းခံရန်အတွက် ကျောင်းတော်မှ ထွက်လာတော် မူကြပြီးလျှင် စောလှသေးသည် ဖြစ်၍ တိတ္ထိ ပရိဗိုဇ်တို့၏ ကျောင်းတွင်း သို့ ခေတ္တ၀င်ရောက်ကာ စကားစမြည်း ပြောဆိုရသော် ကောင်းမည်ဟု အကြံပြုတိုင်ပင်ကြပြီးလျှင် တိတ္ထိတို့၏ ကျောင်းသို့ ၀င်ခဲ့ကြလေသည်။


ထိုအခါတွင် တိတ္ထိတို့က အာလာပ သလ္လာပ ပြောကြပြီးနောက် “ငါ့ရှင်တို့၏ဆရာ ရှင်ဂေါတမသည် ကာမဂုဏ်တို့ကို လွန်မြောက်ရန် ပညတ်၏၊ ငါတို့လည်း ပညတ်၏ ရဟန်းဂေါတမသည် အဆင်းရုပ်တို့ကို လွန်မြောက်ရန် ပညတ်၏၊ ငါတို့လည်း ပညတ်၏၊ ရဟန်းဂေါတမသည် ခံစားမူတို့ကို လွန်မြောက်ရန် ပညတ်၏၊ ငါတို့လည်း ပညတ်၏၊ သို့အတွက် ဤနေရာတွင် ရဟန်းဂေါတမနှင့် ငါတို့၏ တရားသည် ဟောပုံချင်း ဆုံးမပုံချင်း ထူးခြားချက်ကား အဘယ်နည်း၊ လွန်ကဲချက်ကား အဘယ်နည်း၊ ခြားနားချက်ကား အဘယ်နည်း”ဟု မေးကြလေသည်။

အမေးခံရသော ရဟန်းတို့သည် တိတ္ထိ ပရိဗိုဇ်တို့၏ စကားကို ဟုတ်၏ဟုလည်း ၀န်မခံ၊ မဟုတ်ဟုလည်း မကန့်ကွက်ကြဘဲ မြတ်စွာဘုရားအား လျှောက်ထားပြီးမှ ဘုရားဟောအတိုင်း သိကြမည်ဟု - နှလုံးသွင်းကာ ထွက်ခွာခဲ့ကြပြီးလျှင် ဆွမ်းခံကြွ၍ ဆွမ်းစားပြီးသောအခါ ဘုရားရှင်အား ဤပုံအတိုင်း လျှောက်ထားကြလေသည်။

မြတ်စွာဘုရားက ရဟန်းတို့ - ထိုတိတ္ထိ ပရိဗိုဇ်တို့ကို ငါ့ရှင်တို့၊ ကာမဂုဏ်တို့၏ သာယာဖွယ်သည် အဘယ်နည်း၊ အပြစ်သည် အဘယ်နည်း၊ ထွက်မြောက်ရာသည် အဘယ်နည်း။ အဆင်းရုပ် ခံစားမူတို့၏ သာယာဖွယ်အပြစ် ထွက်မြောက်ရာတို့ကို သင်တို့မေးဖို့သင့်သည်၊ ဤသို့ မေးလိုက်လျှင် ထိုတိတ္ထိတို့သည် အပြည့်အစုံ အကုန်မဖြေနိုင်ကုန်ဘဲ ပင်ပန်းဆင်းရဲကြလတ္တံ့၊ အဘယ်ကြောင့် ဟူမူ ထိုတရားတို့၏ သဘောကို ငါဘုရားနှင့် အရိယာတို့၏ အရာသာဖြစ်၍ တိတ္ထိတို့၏ အရာမဟုတ်သောကြောင့် ဖြစ်၏ဟု မိန့်တော်မူပြီးလျှင်…

ကာမတို့၏ သာယာဖွယ်ကို အကျယ်တ၀င့် ဟောသည်။

၎င်းနောက် -
ကာမဂုဏ်တို့၏ အပြစ်ကို ဟောသည်။ ၎င်းနောက် -
ကာမဂုဏ်တို့မှ ထွက်မြောက်မူကို ဟောသည်။ နောက်-
အဆင်းရုပ်တို့၏ သာယာဖွယ်-
အဆင်းရုပ်တို့၏ အပြစ်-
အဆင်းရုပ်တို့၏ ထွက်မြောက်ရာ- နောက်
ခံစားမူတို့၏ သာယာဖွယ်-
ခံစားမူတို့၏ အပြစ်-
ခံစားမူတို့၏ ထွက်မြောက်ရာကို ဟော၍အပြီးသတ်သည်။

မြန်မာပြန်ရာတွင် အတတ်နိုင်ဆုံး အလုပ်သဘောသို့ အသက်ဝင်ဆုံးဖြစ်အောင် ပြန်သည်။ ပုဒ်ပါဌ်သဒ္ဒါနည်းကျရန် အဓိကမထား၊ အဓိပ္ပါယ်ရှင်းလင်းလွယ်အောင် ရည်ညွှန်းဒ၍ ပြန်ထားသဖြင့် စာပေမျက်စိ တစ်ဖက်သာ ဖွင့်၍မကြည့်ဘဲ အလုပ်သဘော မျက်စိကိုလည်း အစုံဖွင့်၍ ကြည့်တော်မူပါရန် ပညာရှိများအား တောင်းပန်အပ်ပါသည်။

ဤစာရေးရာ၌ ပါဝင် ညှိနိုင်းရသော ပါဠိတော် အဋ္ဌကထာ ဋီကာနှင့် ဂန္ထန္တရများ
၁။ မူလပဏ္ဏာသ ပါဠိတော်နှင့် အဋ္ဌကထာ
၂။ မဇ္ဈိမပဏ္ဏာသ ပါဠိတော်နှင့် အဋ္ဌကထာ
၃။ ဥပရိပဏ္ဏသ ပါဠိတော်နှင့် အဋ္ဌကထာ
၎။ ခန္ဓ၀ဂ္ဂသံယုဂ် ပါဠိတော်နှင့် အဋ္ဌကထာ
၅။ သဠာယတန၀ဂ္ဂ ပါဠိတော်နှင့် အဋ္ဌကထာ
၆။ မဟာဝဂ္ဂသံယုတ် ပါဠိတော်နှင့် အဋ္ဌကထာ
၇။ အင်္ဂုတ္တရ ပါဠိတော်နှင့် အဋ္ဌကထာ
၈။ သုတ်မဟာဝါ ပါဠိတော်နှင့် အဋ္ဌကထာ
၉။ စူဠနိဒ္ဒေသ ပါဠိတော်နှင့် အဋ္ဌကထာ
၁၀။ မဟာနိဒ္ဒေသ ပါဠိတော်နှင့် အဋ္ဌကထာ
၁၁။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်နှင့် အဋ္ဌကထာ
၁၂။ ပေတ၀တ္ထု ပါဠိတော်နှင့် အဋ္ဌကထာ
၁၃။ ၀ိမာန၀တ္ထု ပါဠိတော်နှင့် အဋ္ဌကထာ
၁၄။ ထေရဂါထာ ပါဠိတော်နှင့် အဋ္ဌကထာ
၁၅။ ထေရီဂါထာ ပါဠိတော်နှင့် အဋ္ဌကထာ
၁၆။ သုတ္တနိပါတ် ပါဠိတော်နှင့် အဋ္ဌကထာ
၁၇။ ဓမ္မပဒ ပါဠိတော်နှင့် အဋ္ဌကထာ
၁၈။ သမ္မော အဋ္ဌကထာ
၁၉။ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ
၂၀။ ၀ိသုဒွိမဂ် - မဟာဋီကာ
၂၁။ နေတ္တိ မဟာဋီိကာ
၂၂။ အဘိဓာန်ပါဌ် မဟာဋီကာ
၂၃။ မဃဒေ၀လင်္ကာသစ်
၂၄။ သြ၀ါဒထူးပျို့
၂၅။ ၀ိမတီ ဋီကာ
၂၆။ သုတ်သီလက္ခန်ပါဠိတော် အဋ္ဌကထာ

ဆရာကြီး ဦးကြည် (သစ္စာဒီပက - မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment