ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 3 June 2012

တဒနုဝတ္တကမနောဒွါရ ၄-၀ီထိ

မနောဒွါရ၌ အာရုံထင်သည့်အတွက် ကာမဇော မနောဒွါရ၀ီထိများ ဖြစ်ပေါ်ကြသည့်အပြင် ပဉ္စဒွါရ၀ီထိ ၁-ခုဖြစ်တိုင်း ၎င်းဝီထိနောက်သို့ လိုက်သော တဒနုဝတ္တကမနောဒွါရ ၄-၀ီထိလည်း ဖြစ်ပေါ်ကြသေး၏။

(၁) စက္ခုဒွါရ၌ ထင်လာ၍ ချုပ်လေပြီးသော အတိရူပါရုံကို စက္ခုဒွါရ၀ီထိယူသည့်အတိုင်း လိုက်ယူသော အတီတဂ္ဂဟဏ ၁-၀ီထိ၊
(၂) စက္ခုဒွါရ၀ီထိနှင့် အတီတဂ္ဂဟဏ၀ီထိ ၂-ခုတို့ဖြင့် ယူအပ်ပြီးသော အာရုံကို တစ်ခုတည်း တစ်လုံးတည်း ပေါင်းစုလုံးခဲ၍ အာရုံပြုသော သမုဒါယဂ္ဂဟဏ ၁-၀ီထိ၊

(၃) ထိုရူပါရုံ၏ အသွင်သဏ္ဌာန်နှင့် အနက်ဒြပ်တို့ကို အာရုံပြုသော အတ္ထဂ္ဂဟဏ ၁-၀ီထိ၊

(၄) ထိုအနက်ဒြပ်၊ အသွင်သဏ္ဌာန်အဆင်း၏ အမည်နာမကို အာရုံပြုသော နာမဂ္ဂဟဏ ၁-၀ီထိ၊


ဤနည်းအတူ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဒွါရတို့၌လည်း ၄-၀ီထိဖြစ်၏။ ဤ ၄-၀ီထိဖြစ်ပြီးသည့်နောက်မှ အာရုံ၏ အနက်ဒြပ်နှင့် အမည်နာမတို့ကို သိရှိရ၏။


ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment