ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 20 November 2011

(ခ) ပဋိသန္ဓေအခါ ပ၀တ္တိအခါတို့၌ ဘုံပုဂ္ဂိုလ်အလိုက် ဖြစ်ထိုက်သည့် ရုပ်နာမ် သင်္ခါရများ

အကုသိုလ်ကံနှင့် ဘုံ ပုဂ္ဂိုလ်
ပဋိသန္ဓေအခါ
ဥဒ္ဓစ္စစေတနာကြဉ်သော အကုသိုလ်စေတနာ (သင်္ခါရလောက) (၁၁)ပါး တို့သည် အပါယ်ဘုံ (၄)ဘုံ (သြကာသလောက)၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် (သတ္တလောက) တို့အား ပဋိသန္ဓေ၀ိညာဉ်ကို ဖြစ်စေပါသည်။

အပါယ်ပဋိသန္ဓေ ဟူသည်ကား အကုသလ၀ိပါက်ဥပေက္ခာသန္တီရဏ ဟူသော သင်္ခါရလောကတည်း။

ပ၀တ္တိအခါ
အကုသိုလ် စေတနာ(၁၂)ပါး (သင်္ခါရလောက)လုံးသည် ကာမဘုံ(၁၁)ဘုံ (သြကာသလောက)၌ ပုဂ္ဂိုလ် (၁၂)ယောက် (သတ္တလောက) တို့အား အကုသလ ၀ိပါက် (၇)ပါး တည်းဟူသော ပ၀တ္တိကျိုးကိုလည်းကောင်း၊ အသညသတ်ကြဉ်သော ရူပ (၁၅)ဘုံ၌ ရူပဗြဟ္မာတို့အား စက္ခုဝိညာဉ်၊ သောတ၀ိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ အကုသလ၀ိပါက်(၄)ခု ဟူသော ပ၀တ္တိအကျိုးကိုလည်းကောင်း ဖြစ်စေပါသည်။

မဟာကုသိုလ်ကံနှင့် ဘုံ ပုဂ္ဂိုလ်

ပဋိသန္ဓေအခါ
မဟာကုသိုလ်စေတနာ(၈)ပါး (သင်္ခါရလောက)သည် ကာမသုဂတိ(၇)ဘုံ (သြကာသလောက)၌ ဒုဂ္ဂတိအဟိတ်ကြဉ်သော ပုဂ္ဂိုလ်(၁၁)ယောက် (သတ္တလောက)တို့အား ကာမသုဂတိပဋိသန္ဓေ (၉)ပါးကို ဖြစ်စေပါသည်။

ကာမသုဂတိ ပဋိသန္ဓေ(၉)ပါးကား မဟာဝိပါက်(၈)ပါးနှင့် ကုသလ၀ိပါက် ဥပေက္ခာသန္တီရဏ ဟူသော သင်္ခါရလောကတို့တည်း။

ပ၀တ္တိအခါ
ယင်းမဟာကုသိုလ် စေတနာ(၈)ပါးသည် ကာမသုဂတိ(၇)ဘုံ၌ ယခင်ပုဂ္ဂိုလ်(၁၁)ယောက်တို့အား မဟာဝိပါက်(၈)ပါးနှင့် အဟိတ်ကုသလ၀ိပါက်(၈)ပါးဟူသော ပ၀တ္တိကျိုးကို ဖြစ်စေပါသည်။ အပါယ် (၄)ဘုံ၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တို့အား အဟိတ်ကုသလ၀ိပါက်(၈)ပါးဟူသော ပ၀တ္တိကျိုးကို ဖြစ်စေပါသည်။

ရူပ(၁၅)ဘုံ၌ ရူပဗြဟ္မာတို့အား စက္ခုဝိညာဉ်၊ သောတ၀ိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ အဟိတ်ကုသလ၀ိပါက် (၅)ခု ဟူသော ပ၀တ္တိကျိုးကို ဖြစ်စေပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment