ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 7 November 2011

ဝိပဿနာဉာဏ်(၁၀)ပါးနှင့် ၀ိသုဒ္ဓိ(၇)ပါး ဆက်စပ်ပုံ

ဝိသုဒ္ဓိ(၇)ပါးအနက် သီလ၀ိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ လေးပါး အခိုက်၌ ရုပ်နာမ်သင်္ခါရတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာယာဉ်တင်၍ မသုံးသပ်ရသေးပေ။ ထို့ကြောင့် ထိုဝိသုဒ္ဓလေးပါးအခိုက်၌ ၀ိပဿနာဉာဏ် မဖြစ်ပေါ်သေးချေ။ မဂ္ဂါမဂ္ဂဉာဏဒဿန၀ိသုဒ္ဓိအဆင့်တွင် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗဉာဏ် တစ်စိတ်တစ်ဒေသ ဖြစ်ပေါ်လာသည်။ ပဋိပဒါ ဉာဏဒဿန ၀ိသုဒ္ဓိစခန်းတွင်ကား ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် ဉာဏ်စဉ်(၉)ပါး ဖြစ်ပေါ်လာပေသည်။

ဉာဏဒဿန၀ိသုဒ္ဓိအဆင့်ကား ၀ိပဿနာအဆင့်ကိုလွန်၍ မဂ်ဉာဏ် အဆင့်သို့ ရောက်ရှိကာ အရိယာပုဂ္ဂိုလ်ဖြစ်နေပြီး ဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment