ရှေ့တွင်ဖော်ပြခဲ့သော ၀ိသုဒ္ဓိ(၆)ပါးတို့ဖြင့် အဆင့်ဆင့်တက်၍ ရရှိ ဖြစ်ပေါ်လာသော မဂ်ဉာဏ်လေးပါးကိုပင် သစ္စာလေးပါးသိခြင်း၊ မျက်စိဖြင့် မြင်ရသကဲ့သို့ တိုက်ရိုက်မြင်ခြင်း၊ ကိလေသာတို့မှ ကင်းဝေးစင်ကြယ်ခြင်းတို့ကြောင့် ဉာဏဒဿန၀ိသုဒ္ဓိဟု ခေါ်သည်။ ဤ ဉာဏဒဿန၀ိသုဒ္ဓိအဆင့်သို့ ရောက်လျှင် အရိယာအစစ်ဖြစ်နေပြီဟု ဆိုလိုသည်။
ဤ၀ိသုဒ္ဓိ(၇)ပါးအနက် သီလ၀ိသုဒ္ဓိနှင့် စိတ္တ၀ိသုဒ္ဓိ(၂)ပါးသည် ၀ိပဿနာ အားထုတ်မူအတွက် အခြေခံဖြစ်၍ လွန်စွာ အရေးကြီးပေးသည်။ ထို ၀ိသုဒ္ဓိ(၂)ပါး မစင်ကြယ်ပါက အထက်ဝိသုဒ္ဓိများ စင်ကြယ်နိုင်မည်မဟုတ်၊ ထို့ကြောင့် အခြေခံဖြစ်သည့် သီလနှင့် စိတ်(သမာဓိ) စင်ကြယ်စေရန် ကြိုးစားအားထုတ်ဖို့ လိုအပ်ပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Monday, 7 November 2011
(၇) ဉာဏ်ဒဿန၀ိသုဒ္ဓိ
အမျိုးအစား/ကဏ္ဍ
သမထ ၀ိပဿနာရူပွားနည်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment