ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 7 November 2011

အနာဂါမ်ပုဂ္ဂိုလ်

သကဒါဂါမ်ဖြစ်ပြီးသူသည် မိမိရရှိထားပြီးသော မဂ်ဖိုလ်နှင့် နိဗ္ဗာန်တို့ကို ဆင်ခြင်ပွားများပြီးနောက် ရှေ့သကဒါဂါမိမဂ်ဖြင့် ကျဲပါးအောင် ပြုလုပ်ခဲ့ပြီးသော ကာမရာဂနှင့် ပဋိဃသံယောဇဉ်တို့ကိုပင် အကြွင်းမဲ့ ပယ်သတ်နိုင်ရန် အထက်အနာဂါမိ မဂ်ဉာဏ်ရဖို့အတွက် ၀ိပဿနာကိုပင် ဆက်လက်၍ အားထုတ်ရသည်။ ရုပ်နာမ်သင်္ခါရတို့ကို မမြဲ၊ ဆင်းရဲ၏၊ အတ္တမဟုတ်ဟု ဉာဏ်ဖြင့် အဖန်ဖန် နင်းနယ်၊ ကြိတ်ခြေ၏။ ၀ိပဿနာဉာဏ်အဆင့်ကို ဖြစ်စေလျက် ၀ိပဿနာ လမ်းမှန်သို့ သက်ဝင်၏။ ထိုသို့ အားထုတ်သောအခါ သင်္ခါရုပေက္ခာဉာဏ်၏အဆုံး၌ အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ်တို့ဖြစ်၍ ဂေါတြဘူဉာဏ် ချုပ်သည်နှင့် မရှေးမနှောင်းတွင် အနာဂါမိ မဂ် ဖိုလ် စိတ်များဖြစ်ပေါ်လာသည်။ ထိုအနာဂါမိဖိုလ်စိတ်နှင့် ပြည့်စုံသူကို အနာဂါမ်ပုဂ္ဂိုလ်ဟု ခေါ်သည်။ ကာမဘုံ၌ ပြန်၍ မဖြစ်တော့သော ပုဂ္ဂိုလ်ဟုဆိုလိုသည်။ သို့သော် ရူပဘုံ၊ အရူပဘုံတို့၌ကား ဖြစ်နိုင်သေးသည်။

အနာဂမ်ဖြစ်ပြီးသူသည် ကာမဂုဏ်တို့၌တပ်မက်မူ(ကာမရာဂ)နှင့် ပျက်စီးစေလိုမူ၊ စိတ်ဆိုးအမျက်ထွက်မူ (ဗျာပါဒ၊ ဒေါသ)တို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သည့်အတွက် ကာမ(၁၁)ဘုံ၌ ဘ၀အသစ်မဖြစ်တော့ချေ။ အနာဂါမ်တို့မည်သည် ကာမစ္ဆန္ဒ(ကာမဂုဏ်၌တောင့်တမူ)၊ ဗျာပါဒ (ပျက်စီးစေလိုမူ)၊ ဒေါသ(စိတ်ဆိုးအမျက်ထွက်မူ)၊ ကုက္ကုစ္စ(နောင်တပူပန်မူ)၊ မိစ္ဆာသင်္ကပ္ပ(မှားယွင်းကြံစည်မူ)၊ ပိသုဏ၀ါစာ(ချောပစ်ကုန်းတိုက်မူ)၊ ဖရုသ၀ါစာ(ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမူ)တို့ မရှိတော့ချေ။ ထို့ပြင် လက်ဝတ်လက်စားတန်ဆာများ ဆင်ယင်ခြင်း၊ အတွေ့အထိ(ဖောဋ္ဌဗာရုံ)ကို သာယာခြင်းလည်း မရှိတော့ပေ။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment