ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 6 November 2011

ပဋိစ္စသမုပ္ပါဒ် အနုလုံနည်းဖြင့် သိမ်းဆည်းခြင်း

အဆိုပါနာမ်ရုပ်တို့၏ အကြောင်းကို အောက်ပါအတိုင်း ပဋိစ္စသမုပ္ပါဒ် အနုလုံနည်းဖြင့်လည်း သိမ်းဆည်းနိုင်ပေသည်။ သိမ်းဆည်းပုံမှာ အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ပဋိသန္ဓေ(၀ိညာဉ်) ဖြစ်၏ အစရှိသည်ဖြင့် ပဋိစ္စသမုပ္ပါဒ်ဆုံးသည်အထိ အနုလုံအားဖြင့် သိမ်းဆည်းရမည်။

ဖော်ပြခဲ့ပါအတိုင်း နာမ်ရုပ်တို့၏အကြောင်းများကို ပိုင်နိုင်စွာ သိမ်းဆည်းရူမြင်သူသည် ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့ဖူးလေသလား၊ မဖြစ်ခဲ့ဖူးသလား၊ ဘယ်ပုံ ဘယ်နည်းဖြစ်ခဲ့လေသနည်း အစရှိသော ယုံမှားသံသယတို့ကို ပယ်ခွာနိုင်မည်ဖြစ်သည်။

ဤသို့ နည်းအမျိုးမျိုးတို့ဖြင့် နာမ်ရုပ်တို့၏အကြောင်းကို သိမ်းဆည်းလျက် ပစ္စုပ္ပန် အတိတ် အနာဂတ်ကာလတို့၌ ယုံမှားမူမှန်သမျှကို လွန်မြောက်၍ တည်ရှိသော ဉာဏ်ကို ကင်္ခါဝိတရဏ၀ိသုဒ္ဓိ ဟုခေါ်သည်။ ထို့အပြင် ဤဉာဏ်ကို ဓမ္မဌိတိဉာဏ် = နာမ်ရုပ်တို့၏ တည်ရာအကြောင်းကို သိသောဉာဏ်၊ ယထာဘူတဉာဏ် = ဟုတ်တိုင်းမှန်စွာသိသောဉာဏ်၊ သမ္မာဒဿန = မှန်သော ဉာဏ်အမြင်ဟု လည်းခေါ်သည်။

ဤကင်္ခါဝိတရဏ၀ိသုဒ္ဓိအဆင့်သို့ ရောက်သူသည် ပစ္စုပ္ပန်၌ မဂ်ဖိုလ် တရားထူးများကိုရရှိရန် မျှော်လင့်ချက်ထားနိုင်ပြီး တမလွန်အတွက် သုဂတိဘ၀သို့ ရောက်ရန် သေချာနေပြီ ဖြစ်သည်။ သောတာပန်အစစ် လောကိ ဒိဋ္ဌိဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့မပယ်နိုင်သေးသော်လည်း ထိုတရားများ ရောက်သူကို စူဠသောတာပန်(သောတာပန်အငယ်စား)ဟု ကျမ်းဂန်၌ မိန့်ဆိုထားသည်။ သို့ဖြစ်၍ ၀ိပဿနာ အားထုတ်သူများသည် အနည်းဆုံး ဤကင်္ခါဝိတရဏ၀ိသုဒ္ဓိ(စူဠသောတာပန်) အဆင့်သို့ ရောက်အောင် အားထုတ်သင့်လှပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment