ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 14 November 2011

အနတ္တ၀ါဒီနှင့် သမ္မုတိသစ္စာ

မြတ်စွာဘုရားသည် အနတ္တ၀ါဒီပုဂ္ဂိုလ်ကြီး ဖြစ်သည့်အတွက် အကယ်၍ တရားဟောကြားမည်ဆိုလျှင် ပရမတ္ထသစ္စာ ဒေသနာကို မဟောကြားသင့်၏၊ သမ္မုတိသစ္စာ ဒေသနာကို မဟောကြားသင့်ဟု မှတ်ထင်ယူဆဖွယ်ရှိ၏။ အမှန်ကား ထိုသို့ မဟုတ်ချေ။ မြတ်စွာဘုရားရှင်သည် အနတ္တ၀ါဒီ ပုဂ္ဂိုလ်ကြီးဖြစ်သော်လည်း သမ္မုတိသစ္စာ ဒေသနာကို အောက်ပါအကြောင်း ရှစ်မျိုးတို့ကြောင့် အစွန့်ပယ်ဘဲ ဟောကြားတော်မူခဲ့ပါသည်။ ယင်းအကြောင်း ရှစ်မျိုးတို့မှာ -

(၁) ဟိရီသြတ္တပ္ပ = အရှက်အကြောက်တရားနှစ်ပါး

(၂) ကမ္မဿကတာဉာဏ် = ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာရှိ၏ဟု သိသည့်ဉာဏ်

(၃) ပစ္စတ္တပုရိသကာရ = လူတို့၏ လုံ့လစွမ်းအား

(၄) အာနန္တရိယကမ္မ = ဘ၀မခြား ဆက်တိုက် အကျိုးပေးသော ကြီးလေးသော ကံ

(၅) ဗြဟ္မ၀ိဟာရ = မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားများ

(၆) ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေး၌ နေဖူး ဖြစ်ဖူးသော ခန္ဓာအစဉ်ကို သိမြင်သော ဉာဏ်

(၇) ဒက္ခိဏ၀ိသုဒ္ဓိ = အလှူခံပုဂ္ဂိုလ်၏ စင်ကြယ်မူ

(၈) လောကသမ္မုတိ အပ္ပဟာန = သမ္မုတိသစ္စာကို ပယ်၍ မဖြစ်မူ တို့ဖြစ်သည်။

ဤအကြောင်း ရှစ်မျိုးတို့ကို ထင်ရှားပြလိုတော်မူသောကြောင့် မြတ်စွာဘုရားရှင်သည် အနတ္တ၀ါဒီ ပုဂ္ဂိုလ်ကြီး ဖြစ်ပါလျက် သမ္မုတိသစ္စာ ဒေသနာကို ဟောကြားတော်မူသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment