ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 14 November 2011

သစ္စာနှစ်ပါးနှင့် မြတ်ဗုဒ္ဓဒေသနာ


ဘုရားရှင်သည် ဝေနေယျတို့အား သမ္မုတိသစ္စာဒေသနာဖြင့် ဟောကြားမှ တရားရနိုင်မည်ဖြစ်ပါလျှင် သမ္မုတိသစ္စာဒေသနာဖြင့် ဟောကြားတော်မူသည်။

ပရမတ္ထသစ္စာဒေသနာဖြင့် ဟောကြားမှ တရားရနိုင်မည်ဖြစ်ပါလျှင် ပရမတ္ထသစ္စာ ဒေသနာဖြင့် ဟောကြားတော်မူသည်။

ဥပမာအားဖြင့် - ဘာသာမျိုးစုံကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းသည့် ဝေဒပါရဂူ ဆရာကြီးသည် ဣရု၊ ယဇု၊ သာမ-ဟူသော ဝေဒ(ဗေဒင်) သုံးပုံကို သင်ကြားပေးရာ၌ ဒမိဠဘာသာဖြင့် သင်ကြားပေးမှ တတ်မြောက်နိုင်မည့် တပည့်ကို ဒမိဠဘာသာဖြင့် သင်ကြားပေး၏၊ အခြားဘာသာဖြင့် သင်ကြားမပေးချေ၊ ထို့အတူ အန္ဓကဘာသာဖြင့် သင်ကြားပေးမှ တတ်မြောက်နိုင်မည့် တပည့်ကိုလည်း အန္ဓကဘာသာဖြင့်သာ သင်ကြားပေး၏၊ အခြားဘာသာဖြင့် သင်ကြားမပေးချေ။

ဤကဲ့သို့ တပည့်များ တတ်ကျွမ်းမည့် ဘာသာအားလျော်စွာ သင်ကြားဖြင့် တပည့်အားလုံး ဝေဒပညာကို လျင်မြန်စွာ တတ်ကျွမ်းသွားကြ၏။

ထို့အတူ မြတ်စွာဘုရားသည်လည်း သမ္မုတိသစ္စာ ဒေသနာဖြင့် ဟောကြားမှ တရားရ ကျွတ်တမ်းဝင်နိုင်မည် ဖြစ်လျှင် သမ္မုတိသစ္စာဒေသနာဖြင့် ဟောကြားတော်မူ၍၊ ပရမတ္ထသစ္စာဒေသနာဖြင့် ဟောကြားမှ တရားရ ကျွတ်တမ်းဝင်နိုင်မည်ဖြစ်လျှင် ပရမတ္ထသစ္စာဒေသနာဖြင့် ဟောကြားတော်မူသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment