ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 7 November 2011

(၆) ပဋိပဒါဉာဏဒဿန၀ိသုဒ္ဓိ

မဂ္ဂါဂ္ဂဉာဏဒဿန၀ိသုဒ္ဓိအဆင့်သို့ ရောက်ပြီးသူသည် သြဘာသ အစရှိသော ၀ိပဿနာညစ်ညူးကြောင်း ဘေးရန်တို့မှ ရှင်းရှင်းကြီး လွတ်မြောက်ပြီးသောအခါ လက္ခဏာသုံးပါး ထင်ရှားစေရန် ရုပ်နာမ်တို့၏ ဖြစ်မူ ပျက်မူ(ဥဒယဗ္ဗယ)ကို ရူမှတ်၍ ဥဒယဗ္ဗယဉာဏ် ရင့်သန်အောင် အားထုတ်ရသည်။ ထိုဥဒယဗ္ဗယဉာဏ်မှစ၍ နောက်၌ ဆက်လက်ဖြစ်ပေါ်လာသော ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီန၀ဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပက္ခာဉာဏ် အနုလောမဉာဏ်အထိ ဉာဏ်စဉ်(၉)ပါးသည် ပဋိပဒါဉာဏဒဿန၀ိသုဒ္ဓိ ဖြစ်သည်။ မဂ်ဖိုလ်ရကြောင်း အကျင့်ဖြစ်သော စင်ကြယ်သော အသိအမြင်(ဉာဏ်)ဟု ဆိုလိုသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment