ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 6 November 2011

ခန္ဓာငါးပါးကို မှတ်သိခြင်း

မြင်ဆဲခဏ၌ မြင်သည်ဟုရူမှတ်သူသည် မျက်စိကြည်လင်မူနှင့် မြင်ရသည့် အဆင်း ရူပါရုံတို့ကို ပဓာနပြု၍ သိသောအခါ ရူပက္ခန္ဓာကိုသိ၏၊ မြင်၍ ကောင်း မကောင်းတို့ကို ပဓာနပြု၍ သိသောအခါ ဝေဒနာက္ခန္ဓာကိုသိ၏၊ မြင်ရသည့် အဆင်းရူပါရုံ၌ မှတ်သားခြင်းသဘောကို သိသောအခါ သညာက္ခန္ဓာကိုသိ၏၊ စိတ်၌အဆင်းရူပါရုံ၌ မှတ်သားခြင်းသဘောကို သိသောအခါ သညာက္ခန္ဓာကို သိ၏၊ စိတ်၌ အဆင်းရူပါရုံနှင့် တွေ့ထိမူ(ဖဿ)၊ မြင်အောင်စေ့ဆော်တိုက်တွန်းမူ(စေတနာ)၊ သာယာနှစ်သက်မူ(လောဘ)၊ ကြည်ညိုမူ(သဒ္ဓါ)၊ အစရှိသော သဘောတို့ကို သိသောအခါ သင်္ခါရက္ခန္ဓာကို သိမြင်၏၊ မြင်စိတ်ကို ပဓာနပြု၍ သိသောအခါ ၀ိညာဏက္ခန္ဓာကို သိ၏၊ ဤသို့ ရုပ်သဘောမျှ၊ ဝေဒနာသဘောမျှ၊ စသည်ကို သိမှတ်နေရမည်။ ထို့အတူ ကြားဆဲ၊ နာဆဲ၊ စားဆဲ၊ တွေ့ထိဆဲခဏ အစရှိသည်တို့၌လည်း ရူမှတ်ပွားများ ရမည်။

ဤသို့ မြင်ဆဲခဏ စသည်တို့၌ ရူမှတ်တိုင်း ရူမှတ်တိုင်း မျက်စိအမြင် ကြည်လင်မူ၊ မြင်ရသည့်အဆင်း ရူပါရုံနှင့် ရွေ့ရှားမူ အစရှိသော ရုပ်တရားတို့ကား ရိပ်ကနဲပေါ်လာ၍ ဖျပ်ကနဲကွယ်ပျောက် ကုန်ဆုံးသွားကြသည်ဟု သိနေခြင်း၊ ချမ်းသာမူ၊ ဆင်းရဲမူ အစရှိသည်တို့ကို ချမ်းသာသည်၊ ဆင်းရဲသည်ဟု မှတ်တိုင်း ထိုခံစားမူ(ဝေဒနာ)များသည် ဖြစ်ပေါ်လာပြီးနောက် ကုန်ဆုံးမူ(၀ယ)ကို သိပုံမှာလည်း ပျောက်ပျက်သွားကြသည် ဟုသိနေခြင်း[သညာသင်္ခါရတို့၏ ဖြစ်မူ(ဥဒယ)၊ ကုန်ဆုံးမူ(၀ယ)ကို သိပုံမှာလည်း အတူတူပင်ဖြစ်၏။] မြင်ဆဲခဏ အစရှိသည်တို့၌ “မြင်သည်၊ ကြားသည်၊ တွေ့သည်” အစရှိသည်ဖြင့် ရူမှတ်တိုင်း “မြင်စိတ် အစရှိသည် တို့ဥည် ဖြစ်ပေါ်လာပြီးနောက် ကုန်ပျောက်ပျက်စီးသွားကြသည်”ဟု သိနေခြင်းတို့သည် သဘောတရား(ဓမ္မ)၏ ဖြစ်မူ၊ ပျက်မူတို့ကို ရူမှတ်နေခြင်းပင် ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment