ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 2 November 2011

(က) ရေတွက်၍ ရူမှတ်နည်း (ဂဏနာ)

ဤနည်းကား ထွက်သက် ၀င်သက်လေကို ထင်ရှားရာကစ၍ တစ်၊ နှစ်၊ သုံး စသည်ဖြင့် ရေတွက်ခြင်းဖြစ်သည်၊ အာနာပါနကို စတင်အားထုတ်သူသည် သမာဓိမရနိုင်ဘဲ စိတ်ပျံ့လွင့်နေသောအခါ ဤနည်းဖြင့် အားထုတ်သင့်သည်၊ ဤနည်းဖြင့်အားထုတ်ရာ၌ ထွက်သက် ၀င်သက်အကြိမ်ကို ရေတွက်သောအခါ ငါးကြိမ်ထက်လျော့၍ဖြစ်စေ၊ ဆယ်ကြိမ်ထက်ပို၍ဖြစ်စေ မရေတွက်ရ၊ ငါးကြိမ်နှင့် ဆယ်ကြိမ်အကြား သတ်မှတ်၍ ရေတွက်ရမည်။ ရေတွက်နည်းမှာ -

ထွက်လေ ၀င်လေထိရာ အရပ်ရို သတိကပ်၍ ထွက်သက် ရှူထုတ်သည့်အခါ ထွက်သက်(၁)၊ ၀င်သက်ရိုက်သွင်းသည့်အခါ ၀င်သက်(၁)၊ ထိုနည်းအတိုင်း ထွက်သက်(၂)၊ ၀င်သက်(၂)၊ ထွက်သက်(၃)၊ ၀င်သက်(၃)၊ ထွက်သက်(၄)၊ ၀င်သက်(၄)၊ ထွက်သက်(၅)၊ ၀င်သက်(၅) ဟု ရေတွက် ရမည်။ ထိုသို့ ရေတွက်ရာ၌ ထွက်သက် ၀င်သက် နှစ်ပါးတွင် ထင်ရှားရာကစ၍ ရေတွက်ရမည်။

ထွက်သက် ၀င်သက်အကြိမ်ကို အောက်ပါအတိုင်းမှတ်နိုင်သည် -

(က) ၁ မှ ၅-ထိ တစ်ကြိမ်

(ခ) ၁ မှ ၆-ထိ တစ်ကြိမ်

(ဂ) ၁ မှ ၇-ထိ တစ်ကြိမ်

(ဃ) ၁ မှ ၈-ထိ တစ်ကြိမ်

(င) ၁ မှ ၉-ထိ တစ်ကြိမ်

(စ) ၁ မှ ၁၀-ထိ တစ်ကြိမ်

ထိုသို့ (က)မှ (စ) ထိ ၆-ကြိမ် ရေတွက်၍ ပြီးသွားလျှင် (က)(ခ) စသော အမှတ်စဉ်အတိုင်း ပြန်၍အသစ်ရေတွက်ရမည်၊ ရူမှတ်အားထုတ်ကာစတွင် ဖြည်းဖြည်း နှေးနှေးရေတွက်၍ အသားကျလာသောအခါ မြန်မြန် စိပ်စိပ် ရေတွက်နိုင်ပေမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment