ကမ္မဋ္ဌာန်းတရားအားထုတ်မည့်သူသည် ရဟန်းဖြစ်ပါက မိမိ၌သင့်ရောက်နေသော အာပတ်ကို ၀ိနည်းဒေသနာနှင့်အညီ ငြိမ်းပျောက်အောင် ကုစားရမည်၊ အာပတ်သင့်နေလျက်နှင့် တရားအားထုတ်လျှင် မိမိရည်မှန်းထားသည့် တရားထူးများကို ရရှိနိုင်မည် မဟုတ်၊ လူဝတ်ကြောင်ဖြစ်ပါက မိမိတို့ဆိုင်ရာ အကျင့်သီလများကို စင်ကြယ်အောင် စောင့်ထိန်းရမည်၊ သီလစင်ကြယ်မှသာ တည်ကြည်မူ (သမာဓိ)နှင့် အသိအမြင်ဉာဏ်(ပညာ) တိုးတက်ပြီး မျှော်မှန်းထားသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment