ဤသတိပဋ္ဌာန်းတရားကို ရူမှတ်ပွားများသူသည် မိမိ၏ လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုတ်များကို အမြဲသတိစိုက်လျက် -
- သွားလျှင် သွားသည် ဟု သိရမည်၊
- ရပ်လျှင် ရပ်သည် ဟု သိရမည်၊
- ထိုင်လျှင် ထိုင်သည် ဟု သိရမည်၊
- လဲလျောင်းလျှင် လဲလျောင်းသည် ဟု သိရမည်။
အချုပ်အားဖြင့် မိမိ၏ ရုပ်ခန္ဓာကိုယ်ကြီးသည် မည်သို့တည်ရှိသည်ဖြစ်စေ၊ ထိုတည်ရှိနေသည့်အတိုင်း လူပ်ရှားမူမှန်သမျှကို သိနေအောင် ရူမှတ်ရမည်။
ဤ၌ သွားလျှင် သွားသည် ဟုသိရမည်ဆိုရာ၌ သွားမည်ကြံသောစိတ်နှင့် ထိုစိတ်ကြောင့် ခန္ဓာကိုယ်အနှံ့အပြားတွင် တောင့်တင်းမူ လူပ်ရှားမူများ ဖြစ်ပေါ်လာသည်ကိုလည်း သိအောင် ရူမှတ်ရမည်၊ ထို့ပြင် ထိုတောင့်တင်းမူ လူပ်ရှားမူများ ဖြစ်ပေါ်လာပြီး ရှေ့သို့ တစ်ကိုယ်လုံး ရွေ့ရွေ့သွားခြင်းကို သတိပြုလျက် “ဤသို့ ရွေ့ရွေ့သွားခြင်းကိုပင် ငါသွားသည် သူသွားသည်ဟု ပြောဆိုနေကြခြင်းဖြစ်၏၊ စင်စစ်သွားတတ်သော ငါကောင် သူကောင် ဟူ၍ မရှိချေ” ဟုလည်း သိသွားသည်၊ ဤနည်းအတူ ရပ်ခိုက်၊ ထိုင်ခိုက်၊ လှဲခိုက်များ၌လည်း ရုပ်နာမ်တရားများ အဆင့်ဆင့် ဖြစ်ပျက် နေခြင်းကို ရှင်းလင်းစွာ သိနေရမည် ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Sunday, 6 November 2011
ကာယာနုပဿနာ သတိပဋ္ဌာန်း ရူမှတ်ပွားများပုံ
ဣရိယာပုတ်ကိုမှတ်ခြင်း
အမျိုးအစား/ကဏ္ဍ
သမထ ၀ိပဿနာရူပွားနည်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment