ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 7 March 2013

ကိုယ့်အကြောင်း ကိုယ်မသိ၊ ကိုယ့်အရှိ မပေါ်မသိ ပေါ်မသိ

၂။ လောက၀ယ် ကိုယ့်အကြောင်း ကိုယ်မသိတာလောက် ရှက်စရာကောင်းသည်မှာ မရှိ၊ သူ့အကြောင်းကား သူ့သဘာဝအတိုင်းသာ ဖြစ်နေရာ မသိလည်း ကိစ္စမရှိ။ ကိုယ့်အကြောင်းကား ကိုယ့်မျက်စိ၊ ကိုယ့်နား၊ ကိုယ့်စိတ်၊ ကိုယ့်စေတနာအကြားတို့မှ ဘွားဘွားကြီး ဖော်ပြနေပါလျက်က မသိရသည်မှာ အထိနာလှချေ၏။

အမေ့နှင့် အမက် ဖက်ထားသူသည် -


(က) သင် ယောက်ျားဆိုက တစ်ဖက်ရှိ မိန်းမကို မြင်သည်နှင့် မိန်းမစိတ် ပေါက်သွားပြီ။

ထိုအခါ သင်ကား ယောက်ျားကိုယ်နှင့် မိန်းမစိတ်ပင်မဟုတ်လော။

(ခ) သင် မိန်းမဆိုကလည်း တစ်ဖက်ရှိ ယောက်ျားကို မြင်သည်နှင့် ယောက်ျားစိတ် ၀င်သွားပြီ။

သင်သည်လည်း မိန်းမကိုယ်နှင့် ယောက်ျားစိတ်တည်း။

တစ်ဖန် သင် လူဖြစ်၏၊ တစ်ဖက်ရှိ ခွေးကို မြင်သည်နှင့် ခွေးစိတ် ပေါက်သွားပြီဖြစ်ရာ -

သင်ကား လူကိုယ်နှင့် ခွေးစိတ်တည်း။

ဤသို့လျှင် အာရုံတို့နောက် စိတ်ရောက်လေတိုင်း တစ်ဖက်အာရုံများအတိုင်းချည်း စိတ်ကူးဝင်နေချေရာ အချိန်ပြည့် ငါးတစ်ပိုင်း၊ ဖားတစ်ပိုင်းဘ၀ ရောက်နေကြရပြီး အချိန်ပြည့်လျှင် ကိုယ့်စိတ်နှင့် ကိုယ်ကိုယ် မတည့်ကြပြီ။

ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် မတည့်လေသူ ကိုယ့်အကြောင်း ကိုယ်မသိ၊ သူ့အကြောင်းလည်း ကိုယ်မသိ၊ ယောင်တိယောင်ချာမျှသာတည်း။

ထိုအဖြစ်ဆိုးကို ထိုးဖောက်လိုလျှင် -

ကိုယ့်အကြောင်းကို စိတ်ဝင်စားတတ်ရန် ကိုယ့်ဘက်သို့ မှတ်ချက် သွင်းပေးထားရပါတော့မည်။ အမှတ်မိနေလျှင် အသိဝင်လာပါတော့မည်။ အသိသည် အမှတ်၏ နောက်မှသာ ကပ်နေလေ့ ရှိပါသည်။ မှတ်ရာဘက် သိသိပေးနေရသည်မှာ ကိုယ်ပိုင်အသိ၏ တာဝန်ပင် ဖြစ်ပါသည်။ သတိမြဲလေ အသိစွဲလေဖြင့် မှတ်ရာအထဲ စိတ်ဝင်စားလာစေခြင်းမှာလည်း ယင်းအသိ၏ တာဝန်ပင် ဖြစ်ပါသည်။

မှတ်ရာကိုယ့်ဘက် ထိုအသိ စိတ်ဦးလှည့်လာသောအခါ -

ကိုယ့်အရှိ ကိုယ့်အကြောင်းများ ဖြစ်ကြလေသော တစ်ဖက်အာရုံတို့ တိုက်ခိုက်မူအတိုင်းလျှင် အဟောင်းအဟောင်းရုပ်တို့ လွင့်စင် ချုပ်ပျောက်နေပါသည်ကို လည်းကောင်း၊ ရုပ်ချုပ်ပျောက်ရာ နာမ်လိုက်ပါပြီး ထိုနာမ်လေးလည်း လွင့်ကျပျက်သုဉ်းသွားပါပြီကို လည်းကောင်း၊ အရှိအရှိအတိုင်း အမှတ်၏ နောက်ရှိ မှတ်သိဉာဏ်များက အသိပေးလာပါမည်။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment