ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 8 March 2013

အရိပ်ကြည့်ခြင်းဖြင့် အကောင်ထင်စေရမည်

အမူစစ်ရာ၌ -

၎င်း ရှေ့ရောက်နေသူ၏ လက်ရှိကိစ္စကို သိလို၍ကားမဟုတ် ထိုသူ၏ နောက်က ကျူးလွန်ထားခဲ့သော နောက်ကြောင်းများ ပေါ်လွင်ထင်ရှားအောင် စစ်ရခြင်းသာ ဖြစ်၏။

ဤ၌လည်း -


ယုတ်ညံ့မူ အကောင်အထည် ပေါ်နေပါသည်ကို စစ်နေခြင်းမဟုတ်၊ ထိုယုတ်ညံ့မူ ဖြစ်စေသော အတွင်းခံအကြောင်းတရားမှန်ကို စစ်နေခြင်းသာ ဖြစ်သည်ကို သတိပြုပါလေ။

(၁) မည်သူသည် ယုတ်ညံ့နေသနည်း။

(၂) ယုတ်ညံ့သူ၏ တရားခံကား မည်သူနည်း။

(၃) ဘာကြောင့် ယုတ်ညံ့နေရသနည်း။

ထိုသုံးချက် အကွက်ပေါ်လာသောအခါ ယုတ်ညံ့မူမှသည် ယုတ်ညံ့နေပုံ အချင်းအရာများ ပေါ်လွင်ထင်ရှားလာပါမည်။ ယုတ်ညံ့စဉ်ကာလရှိ စိတ်အမူအရာနှင့် ကိုယ်ဖောက်ပြားပုံသည် မြင့်မြတ်စဉ် ကာလရှိ စိတ်အမူအရာနှင့် မတူညီခြင်း၊ တစ်ဖန် မြင့်မြတ်စဉ်က ရုပ်နာမ်နှစ်ပါး ယုတ်ညံ့ရာ၌ ပါဝင်မလာတော့ခြင်းများအထိ မြင်သိလာစေနိုင်ပါသည်။ ခန္ဓာအတွင်းရှိ အကြောင်းခံအကျိုးဆက်များလည်း ပေါ်ထွက်လာပါမည်။ ငါရှိ၊ ငါမရှိ၊ သူရှိ၊ သူမရှိလည်း မြင်သိနိုင်ပါသည်။ ယောက်ျား ပါ-မပါ၊ မိန်းမ ပါ-မပါ၊ လူ ပါ-မပါဆိုသည်လည်း ရိပ်မိလာနိုင်ပါသည်။

သည့်အတူ တစ်နေ့တာလူပ်ရှား ရုန်းကန်နေရသမျှ အရာအားလုံးတို့၌လည်း လူပ်ရှားမူ ပေါ်လာလေတိုင်း လူပ်ရှားရာ၌ပင် အမှတ်တင်ပေးလျက်က ပြုကျင့်နေသော်“လှည်းစီးရင်း ပဲလှော်ဝါးရင်း” ပမာ နှစ်ကိစ္စလုံး တစ်ခါတည်း ပြီးစီးနိုင်ပါသည်။

ဤသို့ မှတ်ချက်ပေး၍ လူပ်ရှားနေပါသော် -

နံနက်ခင်းက ဖြစ်သောအမူ ညဘုရားရှေ့ကျမှ ချေမည်ဟူ၍ အကြွေးထားရန် မလိုတော့ပါ။

မီးဖိုချောင်ကဖြစ်သောအမူ အိမ်ရှေ့ခန်းရောက်မှ စစ်မည်ဟူ၍လည်း နေရာရွေးရန် မလိုတော့ပါ။

မမေ့သော ထိုအမှတ်သတိသည် ကိုယ့်စိတ်ကိုလည်း အစိုးရပြီးသား၊ ကိလေသာလည်း ပယ်ပြီးသား၊ သိစရာလည်း သိပြီးသား၊ သုံးကိစ္စ တစ်ပြိုင်တည်း ပြီးစီးနေရကား မမေ့သော ထိုအမှတ်တရားသည် အထက်လမ်းသွားဟူ၍ တစ်ထစ်ချ မှတ်ပါလေ။
ဤကာ မမေ့သော နေနည်းတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment