မီးတွင်းနေ ကလေးငယ်သည် အနှီးပိတ်အကြား မှေးလျက်က ပက်လက်ငြိမ်နေ၏။ ထိုစဉ် ကျောပူလာရာ သူ့ခန္ဓာအရှိ သူသိလာသဖြင့် ငို၏။ ထိုအခါ မိခင်သည် ကျောပူ ထူ၍ မြှူပေးလိုက်ရာ မီးတွင်းသားခမျာ ပြန်လည်ကာ မေ့မြဲမေ့၊ ငြိမ်မြဲ ငြိမ်သွားရချေသည်။
တစ်ဖန် မိမိ စွန့်ချလိုက်သော ကျင်ကြီး၊ ကျင်ငယ်များ၏ ထိပါးလာခြင်းကြောင့် ထိုကလေး ကိုယ့်အရေးကိုယ်သိ ငိုမိပြန်လာ၏။ ထိုအခါ မိခင်သည်လည်း ထိပါးလာသော ထိုအညစ်အကြေးများကို ဖယ်ရှားပေးကာ ထိုကလေးကို သိပ်မြဲ သိပ်ပေးလေရာ ထိုကလေး ကိုယ့်အရေး မသိရပြန်ပြီ။
တစ်ဖန် ဆာလောင်သောဒဏ် ၀မ်းမှာ ခံနေရပြန်ပြီ ဖြစ်သဖြင့် ထို မီးတွင်းသား ကိုယ့်ခန္ဓာအကြောင်းတရား ကောင်းကောင်းကြီး နားလည်သွားတော့သဖြင့် ၀ါးခနဲ ငိုချလိုက်ပြန်ရာ -
မိခင်ခမျာလည်း အိုအိုအေးအေး နို့ချိုတိုက်ကျွေးရင်းက ဆိုပေးပြီး သိပ်ထားပေးပြန်လေ၏။ ထိုအခါ ကလေးခမျာ နို့စို့လျက်က မှေး၊ ကိုယ့်အရေး ကိုယ်သတိမရပြန်ပြီ။
ဤသို့ဖြင့် ခန္ဓာ့ဒုက္ခ၊ ဘ၀ဒုက္ခ သတိရလာသောကလေး အမေ့သည် သတိမရရေး ထိန်းမပေးပြီး မွေးမြူလာရာ အရွယ်ရောက်သည်အထိပင် ဖြစ်ပါ၏။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment