အိပ်စက်ခြင်းနှင့် နိုးထခြင်း နှစ်ခင်းအတူ မဖြစ်နိုင်။
အမှောင်နှင့်အလင်း ထိုနှစ်ခင်း ချင်းချင်းအတူ မနေနိုင်။
ထို သိရုံမျှ စိတ်တစ်ခုတည်းကပင် -
မသိသော အသိနှင့် သိသောအသိဟူ၍ နှစ်မျိုးကွဲသွားကြ၏။
ထိုတွင် မသိသော အသိကို အ၀ိဇ္ဇာသိ အမည်ပေးထားပြီး သိသော အသိကိုကား ၀ိဇ္ဇာသိဟူ၍ပင် အ၀ိဇ္ဇာသိကို ပြောင်းပြန်လှန်ပေးသောအားဖြင့် အမည်ပေးထား၏။
ထိုအသိ နှစ်သိတို့သည် -
စိတ်ကလေးတစ်လုံးတည်းကို သူကိုင်ငါကိုင် အပြိုင်လုယက် နေကြရလေရကား တစ်သိနှင့် တစ်သိ အပေးအယူ မတည့်ကြ၊ အပေးအယူအတည့်တိုင်း တဇောင်းစေးနှင့် မျက်ချေး ပမာလည်းကောင်း၊ တောက်တဲ့နှင့် ဆေးချီးပမာလည်းကောင်း၊ ငပိနှင့်မျောက်ပမာ လည်းကောင်း ဖြစ်နေကြရကား တစ်ခုနှင့်တစ်ခု ဆေးဖော် ကြောဖက်ပင် မပြုကြပေ။
(က) တစ်ဦးက စိတ်ကလေးကို လာ အမှောင်ခန်းသွားကြစို့၊
(ခ) တစ်ဦးက စိတ်ကလေးကို အလင်းမှာပဲ ထိုင်နေ၊
ထိုအယူအဆနှစ်မျိုး စကားနှစ်ထွေတို့ကို လေ့လာလျှင် ထိုအသိနှစ်မျိုး မည်သည့်နည်းနှင့်မျှ စိတ်တူသဘောတူ မဖြစ်နိုင်ကြပြီ။
ထိုနှစ်သိ တသိသိတို့ ကိုင်ခွင့်ရ စိတ်ပိုင်ရှင် လူသားတို့၌လည်း အမူအကျင့် စိတ်နေသဘောထား၊ အာရုံယူပုံများလည်း လူချင်းတူသော်မှလည်း အသက်ရှူချင်း ကွဲပြားနေကြပေလိမ့်မည်။
လူမှန်သမျှ နှာခေါင်းပေါက်မှချည်း အသက်ရှူကြ၏။ သိုတစေလည်း အမှတ်မဲ့ရှူသူများနှင့် အမှတ်နဲ့ရှူသူများအကြား သဘောထားကား သိသိသာသာကြီး ခြားနားနေကြပြီ။
နေ့စဉ်အခါ မသိသာဘူးပဲ ထား၊
'
သေသောကာလ၌ကား ထိုနှစ်ခု မိုးနှင့်မြေပမာ ကွာခြားလှချေသည်။
'
(က) မြေဖြူသည် ထုံးနှင့် အသွင်တူ အဖြူပင် ဖြစ်ပါ၏။'
(ခ) ထုံးသည်လည်း မြေဖြူနှင့် အသွင်တူ အဖြူပင် ဖြစ်၏။'
သို့ကြောင့် အတူတူပင် ထင်ရတတ်၏။ သို့တစေလည်း ထိုထုံးမူန့် နနွင်းမူန့်နှင့် ရောနှောက်ကြည့်ပါက လူ့ခန္ဓာတွင်းရှိ သွေးရောင်များပမာ တောက်ပလာပြီး ဖြေဖြူကား နနွင်းရေနှင့် မည်သို့ရောရော သူ့သဘော သူ့သဘောအတိုင်းသာတည်း။'
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment