ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 8 March 2013

ထိုသုံးချက် အချိတ်အဆက်မိလိုသော်

မသိသည်ကို သိလိုက်ရာ၌ သတိသည် အညှာ အခရာတည်း။ မမိသည်ကို မိလိုရာ၌လည်း သတိသည်သာ အညှာ အခရာတည်း။

တိုင်းပြည်၏ အခြေအနေကို အခြေအနေမှန်အတိုင်း သိလိုသော ထောက်လှန်းရေးသမားသည် အခြေအနေမှန် ဖန်တီးတတ်ရာ နေရာဌာနများသို့ သွားရောက်ထောက်လှမ်းရ၏။ မသင်္ကာစရာတွေ့ ထိုတွေ့ရာသူ၏နောက် ခြေရာကောက်၍ မျက်ခြည်မပြတ် စောင့်ကြပ် ထောက်လှမ်းရ၏။


ထိုဖန်တီးရှင်က အကွက်စိပ်စိပ် အမူအရာပြလျှင် ထို ထောက်လှမ်းရေးသမားကလည်း အကွက်စိပ်စိပ်ပင် မှတ်ချက်ရေးရ၏။

ထိုဖန်တီးရှင်က အကယ်တိတိ အကွက်ကျဲကျဲ ခြေလှမ်းကြဲကြီးဖြင့် အမူအရာပြခဲ့လျှင်လည်း ထို ထောက်လှမ်းရေးသမားကလည်း သူ့ဟန်ပန်အတိုင်းလျှင် မှတ်ချက်ရေးရ၏။

ထိုဖန်တီးရှင် မည်သူ့မည်သူ့အိမ် ၀င်သည်။

ဘယ်အချိန် ဘယ်နေရာမှာ ရောက်ရှိနေသည်။

ဤသို့လျှင် ထိုဖန်ဆင်းရှင် ပြုကျင့်သမျှ အမူအကျင့်အားလုံးကိုလျှင် ကွင်းဆက်မပြတ် မှတ်ချက်ရေးထားရ၏။

ထိုဖန်ဆင်းရှင် ပျောက်ကွယ်သွားပြီ။

သို့မဟုတ် တိမ်းရှောင်သွားပြီ။

ထိုထောက်လှမ်းရေးသမား မလိုက်တော့။ သူ့လူပ်ရှားမူ မှတ်တမ်းများကို သေချာစေ့ငှ လေ့လာသုံးသပ်ပြီး ပုံစံဖော်ကြည့်၏ မှတ်ချက်အားလုံးက ပုံစံဖော်ထုတ်ပေးလိုက်ပြီ။

လက်စသတ်တော့ လုပ်ကြံမူမှန်သမျှ ဒင်းလက်ချက်ကိုး၊ ထိုင်ထောက်လှမ်းရေးသမား သိရပြီ။ တစ်ဖန် ရဲအမူထမ်းသမားသည်လည်း အမူတွေ မိမိပိုင် နယ်ပယ်ထဲ ညစဉ်မပြတ် ရက်ဆက်ပေါ်နေချေရာ -

မူခင်းလိုက်အရာရှိသည် ဒုစရိုက်မူများ ကျူးလွန်လေ့ရှိသော ရာဇ၀င် မှတ်တမ်းဝင်များ ကျက်စားရာသို့ သွားရောက်လေ့လာနေရာ တွေ့လိုက်ရသည် ထိုသူနှစ်ယောက်။

ထိုသို့တွေ့ရာ၌ ၎င်းတို့နောက် ခြေရာကောက်၍ မျက်ခြေမပြတ် လိုက်လံရူကြည့်နေ၏။ ၎င်းတို့သည် ဈေးထဲ ရွှေပန်းတိမ်ဆိုင် စသည်များလည်း သွားကြ၏။ ၎င်းကိုလည်း မျက်ခြည်ပြတ်မခံ လိုက်လံမှတ်သားနေ၏။

၎င်းတို့သည် အရက်ဆိုင်သို့လည်း ၀င်ကြ၏။ ၎င်းကိုလည်း နောက်ယောင်ခံကာ လိုက်လံမှတ်သား၏။

၎င်းတို့သည် ဖဲဝိုင်းစသည် ကစားဝိုင်းများသို့လည်း လိုက်လံကစားကြ၏။ ၎င်းကိုလည်း စေ့စေ့စပ်စပ် လေ့လာမှတ်သား၏။

ထိုသို့ ၎င်းတို့နှစ်ယောက် သွားအတူ၊ လာအတူ၊ အမူအကျင့်များနှင့်တကွ သုံးစွဲကြပုံ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လေသောအခါ -

“လက်စသတ်တော့ ဓားမြဆိုတာ ဒင်းတို့ပဲကိုး” ထိုရဲ အမူမှန် သံကွဲသွားပြီ။

သည်ဥပမာအတူသာလျှင် -

လူပ်ရှားတိုင်းမှာ မှတ်ချက်ပါသောအားဖြင့် မျက်စိနှစ်လုံး ပွင့်လာချိန်မှသည် မှိတ်အံ့ဆဲဆဲ အချိန်ထိ လူပ်ရှားနေသမျှ ကိုယ်အမူအရာ၊ နူတ်အမူအရာ၊ စိတ်အမူအရာအားလုံးတို့ကို -

(က) မကောင်းမူ ပြုကျင့်နေဆဲ ယင်းမကောင်းမူမှ မကောင်းပုံ ပေါ်လွင်ထင်ရှားလာအောင် သတိ လက်မလွတ် အမှတ်သွင်းလျက်က ပြုကျင့်ပါလေ။

(ခ) တစ်ဖန် ကောင်းမူ ပြုကျင့်နေဆဲ ထိုကောင်းမူ၏ ကောင်းနေပုံများကို ကွင်းကွင်းကွက်ကွက် ထင်ရှားလာအောင် သတိပင်းလျက် အမှတ်သွင်း ပြုကျင့်ပါလေ။

၎င်းတို့မှ ဆက်သွယ်လာသော ကြည့်မူ၊ နားထောင်မူ၊ နမ်းရူတ်မူ၊ စားသုံးမူ၊ ထိတွေ့မူ၊ တွေးတောကြံစည်မူ အားလုံးတို့ကိုလည်း သူ့အမူ ပေါ်ပေါက်လာသော နေရာဒေသသို့ကပ် စေ့စေ့စပ်စပ် မှတ်ချက်ယူပါလေ။

ယုတ်ညံ့မူ ဖြစ်သဖြင့် မျက်နှာ မလွှဲသင့်၊ အမူပေါ်လျှင် အရာဝင်ရစမြဲပင် မဟုတ်လော။

မြင့်မြတ်မူဖြစ်သဖြင့် ခေါင်းမလွှဲသင့်၊ အမူသည် အမူသာဖြစ်၍ စစ်ရစမြဲပင် မဟုတ်လော။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment