ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 7 March 2013

ကိုယ့်အကြောင်းသိ သူ့အကြောင်းလည်း မသိမရှိ

ထိုသို့ ကိုယ့်အကြောင်းကိုယ်သိ၊ ကိုယ့်ဖြစ်စဉ်ပေါ် ကိုယ့်သတိတင်ကြည့်နေသော သင့်၌ သင့်သို့ လာရောက်စပ်ယှက်နေကြသော တစ်ဖက်အာရုံများကိုလည်း သင့်ဖောက်ပြားမူနှင့်မခြား တစ်သားတည်းပင်၊ အပြင်းအပျော့၊ အတိုးအဆုတ်၊ အလူပ်အရှားချင်း တူညီနေကြရကား သူ့အကြောင်း ပေါင်းရင်းက မိ၊ အသိပေါ်လာပါမည်။



သင့်လက်တွင်း၌ သရက်ပင် တစ်ပင်တည်း၏ အသီးများထဲမှ အစိမ်းတစ်လုံး၊ အမှည့်တစ်လုံး၊ တစ်ဖန် ပင်ထက်၌ အသီးများကလည်း၊ အနုအရင့် အစိမ်းများ ဝေလျက်ပင်၊ ပင်အောက်ကြမ်းပြင်၌လည်း အသီးမှည့်များ ကြွေကျထားသည်မှာ အတုံးအရုန်းသာ၊ ထိုစဉ် သင့်လက်တွင်းရှိ သရက်သီးနှစ်လုံးတို့ကို အလှည့်ကျ စားကြည့်ပါလေ။ စားရင်းကပင် အစိမ်း၏ အရသာအကြောင်း၊ အမှည့်၏ သဘာဝအကြောင်း၊ သင် ကောင်းကောင်းကြီးသိမြင်အားရ သဘောကျလာစေပါမည်။

သင့်လက်မှာထား၊ သင်စားသောသရက်သီးအရသာ၊ သိပိုင်နေလျှင် သူနှင့် ဗီဇသတ္တိတူ၊ မျိုးရိုးတူကိစ္စ ဘာမသိရဘဲ ရှိအံ့နည်း။ သည့်အတူလျှင် ကိုယ့်ထံရှိ ရုပ်နာမ်ဖြစ်ပျက်ပုံတို့အကြောင်း သိပိုင်နေသူ၌လည်း အခြားရုပ်နာမ်တို့၏ ဖြစ်ပျက်ကိုလည်း မသိမရှိတော့ပါပြီ။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။


No comments:

Post a Comment