ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 3 March 2013

သုံးဦးပိုင်အမွေ ရေတွက်ကြည့်စမ်းပါ

ထိုတဏှာ၊ မာန၊ ဒိဋ္ဌိတို့သည် -

လပူဆာသူက အတွင်ပူဆာ၊ ရှာသူကလည်း အတွင်ရှာ၊ သိမ်းပိုက်ကာဆီးပေးသူကလည်း ရသမျှ ကာဆီးပေးဖြင့် တက်ညီလက်ညီ ကြိုးစားထားခဲ့ကြရာ -

ဆိုပါစို့ သူ့ဆိုင်နေ နိုင်ငံခြားဖြစ် မီးခြစ်လေးတစ်လုံး၊


ဟာ လှလိုက်တာ ငါရ ကောင်းမှာပဲ၊

သည်လိုဆို အနည်းဆုံးဈေး ဆစ်ပြီး ယူလိုက်မည်၊

ဟော ငါ့မီးခြစ်ကလေး လှမှလှနဲ့ သူတို့အတွဲ တွဲမိသွားကြပြီ။

ထိုပစ္စည်းကား နိုင်ငံခြားမှလာသော ပစ္စည်း၊ ထိုနိုင်ငံခြားလည်း မြေပေါ် မြေအောက်ရှိ သူ့အလိုလို ဓာတ်သဘာဝတို့အလျောက် ပေါ်ပေါက်နေသော သယံဇာတပစ္စည်းများကို ထုတ်ယူတီထွင်ထားပေးရခြင်းသာဖြစ်၏။

ထိုပစ္စည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့လည်းကောင်း၊ တစ်ဆိုင်မှ တစ်ဆိုင်သို့လည်းကောင်း ပြောင်းရွှေ့လာခဲ့ပြီး ထိုသုံးဦးတို့ ရှေ့မှောက် ရောက်လာကြခြင်းပင်တည်း။

၎င်းကို မမြင်ရသေးလျှင် အဆန်းထင် မကိုင်ရသေးခင် အဆန်းထင် တဏှာ၊ ထိုအဆန်းမြင် အထင်ကြီးသော မာန၊ အထင်ကြီးကို တင်စီးလိုသော ဒိဋ္ဌိတို့ ပူးပေါင်းကြံစည်လိုက်ကြသောအခါ သူ့ဟာ၊ င့ါဟာ ဖြစ်သွားပြီ မဟုတ်လော။

သို့ဖြင့် နာရီ၊ ကား၊ အ၀တ်အထည် စသည်များ၊ ကစားစရာ၊ စားစရာ၊ လူသုံးကုန်ပစ္စည်းများ၊ ရွှေငွေအစထား၊ ကျောက်သံပတ္တမြားစသည့် လူတို့၏ အဆင့်အသိအမှတ်ပြု တန်းဝင်ရတနာများ၊ နေအိမ်တိုက်တာ၊ ဥယျာဉ်လယ်ယာ စသည့် စားဝတ်နေရေး အဖြေပေးရာ ပစ္စည်းစုများအားလုံးတို့ကို -

သူပိုင်သူကိုင်မှ ကိုယ်ပိုင်ကိုယ်ကိုင်အဖြစ်သို့

စည်းရုံးကျုံးသွင်း အရယူပေးနေကြရပါပြီ။

သို့နှင့် သုံးယောက်ပေါင်း၊ လောင်းကျော်သမား သကောင့်သားများသည်

“ဆီကို” နာရီကို လက်မှာပတ်လျက်က ဆောင့်ကြွားကြွား လက်ကားယားဖြင့် လမ်းသလား ပြနေပါ၏။

“ဆီကို” ကုမ္ပဏီပိုင်ရှင်ကား ၎င်းကိုကြည့် ပြုံးစိစိတည်း။

“ဟိုင်းလက်”ကားကြီး ဆီအပြည့်ထည့်ပေးကာ မြို့လယ်တစ်လျှောက် အခေါက်ခေါက် မောင်းနှင်ပြနေပါတော့၏။

“ဟိုင်းလက်” ကုမ္ပဏီပိုင်ရှင်ကား ၎င်းကိုတွေ့ ခေါင်း တညိတ်ညိတ်တည်း။

တစ်ဖန် အာဂျီနိုမိုတိုအင်္ကျီကို ၎င်းစာတမ်း ကြောပြင်လည်းကပ်၊ ရင်လည်း တပ်ဆင်ပေးထားပြီး လူရှေ့သူရှေ့ လပ်ယား၊ လပ်ယား သွားပြနေပါ၏။ အာဂျီနိုမိုတိုကုမ္ပဏီပိုင်ရှင်ကား ၎င်းရှေ့ဖြတ်သွား တဟားဟားတည်း။

ယနေ့ သင့်ထံရှိ ထို သုံးဦးပိုင်ပစ္စည်း စစ်ကြည့်စမ်းပါ။

- အသေးအမွှား အပ်ကလေးများမှအစ ကြီးမားသော နေအိမ် တိုက်တာများ အထိလည်းကောင်း၊

- အတူနေ ကြက်၊ ၀က် စသည်များမှ ကျွဲ၊ နွား၊ အိမ်စေ၊ အိမ်ဖော်များ အထိလည်းကောင်း၊

- ဇွန်းငယ်လေးများမှအစ ပန်းကန်၊ အိုးခွက်၊ အိမ်တွင်းသုံးအားလုံး အထိလည်းကောင်း၊

ယုတ်စွအဆုံး ၎င်းတို့ လိုချင်ရာ မှန်သမျှ ၀ါးခြမ်းတစ်စိတ်၊ ပလပ်စတစ် တစ်အိတ်ကလေးက မကျန်တို့သည် ငါ၊ ငါ့ပစ္စည်း၊ ငါပိုင်သည်ဆိုသော ထိုသုံးဦးပိုင်ပစ္စည်းတို့ချည်းသာ ဖြစ်ကြပါ၏။

သင်ကား သူတို့ထားရာနေ၊ အစေခံမျှသာတည်း။

ထိုသုံးဦးတို့သည် -

အိမ်အောက်နေ ၀က်၊ ငါ့ဝက်ပါ သံပြိုင်ဟစ်သော်လည်း အိမ်ပေါ်အတူနေ ကြွက်ကိုကား ငါ့ကြွက်လို့ မည်သူမဆ မအော်ကြပြီ။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment