ထိုသို့ ကိုယ့်ဘက်မှနေ၍ချည်း ဧည့်သည်လာစဉ် အိမ်ရှင်ဧည့်ခံနေသည့်ပမာ မျက်စိစသည် မိမိတံခါး မိမိမှတ်သိစိတ် အမြဲထားပြီး မှတ်နေသော် -
ငါက ဘာကိုမြင်သည်ဆိုသော ငါသူအစွဲ ကင်းစဲသွားရပြီ။
ငါ့ကို ဘာပြောသွားသည်ဆိုသော ငါ့ဝင်သူပေါ် လမ်းမချော်စေရပြီ။
ထိုအခါမျိုးများ၌ ကောင်းပေ့၊ ဆိုး၏တို့သည် မတိုးသာပြီ။ ယူလိုက်မည်။ ကြိုးစားလိုက်မည် အတိုက်မလိုက်သာပြီ။ ထိလိုက်ပြီ၊ သိလိုက်ပြီ၊ ပြီးလျှင်ကား မရှိတော့ဟူသော အမြင်များက ရှင်းလာနေပြီဖြစ်ရကား ငါရလိုက်သည်လည်း မ၀င်သာတော့ပြီ။
ငါမရှိလျှင် သူပေါ်ပြီ သူပေါ်ရာ ငါတပ်က ငါနှစ်ခု ထပ်ရမည်။ ယခုသော် ထိုအရာများ ဘာတစ်ခုမှ မ၀င်သာပြီဖြစ်ရာ အချဲ့မခံရတော့ပြီ။
ဤကား ကိုယ့်ဘက်မှတ် သူ၏ အမြတ်အစွန်းများတည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment